ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။

ရေဘေးသင့်ဒေသတွေက ပျက်စီးဆုုံးရှုံးနစ်နာမှုတွေကို ပြန်လည်ကုစားပေးရမယ့် အချိန်ဖြစ်တာကြောင့် ဘေးသင့်ဒေသတွေအမြန်ပြန်လည်ထူထောင်ရေး ပေါင်းစပ်ညှိနှိုင်းမှုအဖွဲ့ကို ဖွဲ့စည်းသွားမယ်လို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကပြောဆိုလိုက်ပါတယ်။

 

1_0.jpg

 

ဇွန်လနဲ့ ဇူလိုင်လအတွင်းက ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုတွေကြောင့် တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် နဲ့ ပဲခူးတိုင်းဒေသကြီးတွေမှာ ပျက်စီးဆုံးရှုံးမှုတွေများပြားခဲ့ပါတယ်။

အဲ့ဒီဒေသတွေမှာ ဆုံးရှုံးမှုတွေကို ပြန်ကုစားပေးရမှာကြောင့် အဖွဲ့ဖွဲ့စည်းပြီး သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ဒေသဖြစ်ကြောင်း သတ်မှတ်ခြင်းဆိုင်ရာ ကိစ္စရပ်တွေနဲ့ ထောက်ပံ့ပေးမှု၊ မိုးရာသီအတွက်  ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားမယ်လို့ ဒုတိယသမ္မတက   သြဂုတ်လ ၈ ရက်နေ့က အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီလုပ်ငန်းညှှိုနှိုင်းအစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။

ဘေးအန္တရာယ်ကျရောက်တဲ့အခါ တုံ့ပြန်ဆောင်ရွက်ဖို့ ချမှတ်ထားပြီးတော့ အစီအမံအတိုင်းအရေးပေါ်ကယ်ဆယ်ေရေးလုပ်ငန်းတွေ၊ ထောက်ပံံ့မှုလုပ်ငန်းတွေကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ၊တိုင်းနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေကတစ်ဆင့် ပံ့ပိုးကူညီပေးခဲ့တာဖြစ်ပြီးတော့ အမျိူးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကို ၂၀၁၆ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က