AD
AD
AD

ဆော်ဒီ မှာရောက်နေတဲ့ မြန်မာနိုင်ငံကလာတဲ့သူတစ်ယောက်ကို ဆော်ဒီအာရေးဗီးယား အစိုးရက လူသတ်မှုအပြင်အခြားအမှုတွေအတွက် ခေါင်းဖြတ်ကွပ်မျက်မှုလုပ်ခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေမှာဖော်ပြပါတယ်။

play
ဆော်ဒီအာရေးဗီးယားဘုရင် Salman (Photo - AP)



မြန်မာနိုင်ငံကလာတဲ့ အယ်လီယာ အဘူကလမ်ဆိုတဲ့သူဟာ သူ့လိုပဲ မြန်မာနိုင်ငံက လာတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အိမ်ထဲကို ၀င်ရောက်ပြီး သေနတ်နဲ့ ပစ်ခဲ့သလို အမျိုးသမီးကို ဓါးနဲ့ထိုးသတ်ခဲ့တယ်လို့ ဆော်ဒီအစိုးရက ပြောပါတယ်။

ဒါ့အပြင် သူဟာ အခြားနေရာတွေမှာလည်း မုဒိမ်းကျင့်ဖို့ ကြိုးစားတာတွေ၊ ဓါးပြတိုက်ဖို့ကြိုးစားတာတွေရှိခဲ့တာကြောင့် သြဂုတ်လ ၈ ရက်နေ့က ခေါင်းဖြတ်ကွပ်မျက်လိုက်ပြီလို့ ဆော်ဒီအစိုးရက ကြေညာပါတယ်။

သူ့ကို ကွပ်မျက်ဖို့အတွက် အောက်ခြေတရားရုံးရဲ့ အမိန့်ကို တရားရုံးချုပ်က ထပ်မံအတည်ပြုခဲ့ပြီး ဘုရင် Salman ကလည်း အမိန့်ပေးခွင့်ပြုခဲ့တဲ့အတွက် အခုလို ကွပ်မျက်လိုက်တာဖြစ်တယ်လို့ ပြောပါတယ်။

ဆော်ဒီအာရေးဗီးယားနိုင်ငံဟာ အပြစ်သားတွေကို စီရင်ရာမှာ သတ်ပစ်မှုအများဆုံးနိုင်ငံတစ်ခုဖြစ်ပြီး များသောအားဖြင့် ခေါင်းဖြတ်ကွက်မျက်မှုများပြုလုပ်ခြင်းအတွက် ဝေဖန်ခံနေရတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD