ပခုက္ကူမြို့မှာ ပြုလုပ်တဲ့ ဒေသခံပြည်သူတွေစကားဝိုင်းတွေ့ဆုံပွဲမှာပြောခဲ့တာပါ။

ကျောင်းသားမိဘတွေအချင်းချင်း မပြိုင်ဆိုင်ကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားလိုက်ပါတယ်။ မကွေးတိုင်း၊ ပခုက္ကူမြို့မှာ ပြုလုပ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဒေသခံပြည်သူတွေစကားဝိုင်း တွေ့ဆုံပွဲမှာ ထည့်သွင်းပြောကြားခဲ့တာပါ။



ပခုက္ကူမြို့ ဒေသခံပြည်သူများ စကားဝိုင်းပြုလုပ်နေစဉ်

 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က  ကျောင်းသားတွေပြိုင်ရမယ့်အစား မိဘတွေ ပြိုင်ဆိုင်နေတယ်ဆိုတာ ကောင်းတဲ့နမူနာမဟုတ်ဘဲ သားသမီးတွေရဲ့ စိတ်ဓာတ်က ကိုယ့်ရဲ့အရည်အချင်းကို မြှင့်တင်ချင်တယ်ဆိုတဲ့ စိတ်ထက် တခြားသူထက်ပိုပြီးသာချင်တယ်ဆိုတဲ့စိတ်က နိုင်ငံအတွက် ကောင်းတဲ့လက္ခဏာမဟုတ်ဘူးလို့ ပြောကြားခဲ့တာပါ။

ဒါ့အပြင် ပြောင်းလဲလာတဲ့ပညာရေးစနစ်မှာ အရင် အမှတ်နဲ့သတ်မှတ်ရာကနေ အဆင့်နဲ့ သတ်မှတ်လိုက်တာကြောင့် ကျောင်းသားတစ်ယောက်နဲ့ တစ်ယောက် ပြိုင်ဆိုင်တာ၊ မိဘချင်းပြိုင်ဆိုင်တာ တွေကျဆင်းသွားတယ်လို့လည်း ဆိုပါတယ်။

 

ပခုက္ကူမြို့ ဒေသခံပြည်သူများ စကားဝိုင်းပြုလုပ်နေစဉ်

 

ဒါ့အပြင်  ငြိမ်းချမ်းရေးကိုထိခိုက်နေတဲ့အရာတွေကို အားလုံးဝိုင်းဝန်းပယ်ရမှာဖြစ်ပြီး ငြိမ်းချမ်းရေးဖြစ်စဉ်ကို အားပေးမယ့်အရာတွေကို ပြုစုပျိုးထောင်ပေးရာမှာ ပြည်သူတွေအားလုံး ပါဝင်လာရမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က