ပြည်သူတွေကလည်း နားလည်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေမယဉ်ကျေးတဲ့ ကိစ္စတွေ ပေါ်ပေါက်နေတာဟာဆရာဝန်၊ဆရာမတွေ၊ သူနာပြုတွေ မလုံလောက်တာကြောင့်နဲ့ ဆက်စပ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောဆိုလိုက်ပါတယ်။



ပခုက္ကူမြို့မှာပြုလုပ်တဲ့ဒေသခံပြည်သူများနှင့်စကားဝိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်

ပခုက္ကူမှာကျင်းပနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံရဲ့ ငြိမ်းချမ်းရေးစကားဝိုင်းမှာ ဆွေးနွေးသူတစ်ယောက်က မေးမြန်တာနဲ့ပက်သက်ပြီးပြန်လည်ဖြေကြားခဲ့တာပါ။

“ကျန်းမာရေးဝန်ထမ်းတွေ မယဉ်ကျေးတဲ့ကိစ္စကလည်း ဆရာဝန်၊ဆရာမတွေ၊ သူနာပြုတွေ မလုံလောက်တာနဲ့လည်း ဆိုင်ပါတယ်။ အလုပ်ကသိပ်များနေတော့ နည်းနည်းကြမ်းသွားတာပေါ့။ နိုင်ငံတော်က လုံလုံလောက်လောက်ပေးနိုင်ရင် ဆရာဝန်တွေ ၊ ဆရာမတွေများလာရင် ပြုံးပြဖို့ သက်သက်တစ်ေယောက်ခန့်ထားလို့ရတယ်။ ဆရာဝန်တွေကလည်း နိုင်ငံတော်ပေါ်ကျေးဇူးသိပြီး ဆပ်ကြပါ။ ပြည်သူတွေကလည်း ကျန်းမာရေးဝန်ထမ်းတွေက ဘယ်လောက်ဝန်ပိနေတယ်ဆိုတာနားလည်ပြီး ပြန်ပြုံးပြလိုက်ပါ။ အဲဒါဆိုရင် အကုန်အဆင်ပြသွားနိုုင်ပါတယ်။" လို့ ပြောကြားခဲ့ပါတယ်။

ဒေသခံပြည်သူတစ်ဦးရဲ့ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ မယဉ်ကျေးတဲ့ကိစ္စကို မေးမြန်းရာမှာ ဝန်ကြီးကလည်း“တစ်ယောက်မယဉ်ကျေးလို့လည်း ဖြစ်နိုင်ပါတယ်။ အကုန်လုံးကတော့ ကျွန်တော်အာမခံရဲတာကတော့ တော်တော်များများကတော့ ယဉ်ကျေးပါတယ်။” လို့ ဝန်ကြီးက ဆိုပါတယ်။

လက်ရှိမှာ ကျန်းမာရေးဝန်ထမ်းတွေ  ကြုံတွေ့နေရတာက ဝန်ထမ်းအိမ်ရာ ပြသနာဖြစ်နေပြီး အောက်တိုဘာလအတွင်း ဘတ်ဂျက်ရတာနဲ့ အိမ်ရာတွေကို ဆောက်လုပ်ပေးတော့မယ်လို့ ပြည်ထောင်စုဝန်ကြီး ပြောပါတယ်။

Share

Loading Next Article...
က္က