AD
AD
AD

ကုလသမဂ္ဂရဲ့ ဌာနတွေဖြစ်တဲ့ UNDP နဲ့ UNHCR တို့ ကို ရခိုင်ပြည်နယ်က ရွာတွေကို ကွင်းဆင်းစစ်တမ်းတွေကောက်ယူဖို့အတွက် ခွင့်ပြုလိုက်ပြီဖြစ်တယ်လို့ မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက သူတို့ရဲ့ Website ကနေ သတင်းထုတ်ပြန်ပါတယ်။

play
Photo - UNHCR



မြန်မာအစိုးရနဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) တို့အကြား ဇွန်လ ၆ ရက်နေ့က လက်မှတ်ရေးထိုးခဲ့တဲ့ နားလည်မှုစာချွန်လွှာ အရ အခုလ သြဂုတ်လ ၉ ရက်နေ့မှာ ခွင့်ပြုပေးလိုက်တာလည်းဖြစ်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ခွင့်ပြုပေးတဲ့ ကုလသမဂ္ဂဌာနက ၀န်ထမ်းတွေဟာ ဘူးသီတောင်မြို့နယ်က ကျေးရွာ ၁၂ ရွာနဲ့ မောင်တောမြို့နယ်ထဲက ကျေးရွာ၊ အားလုံးပေါင်း ကျေးရွာ ၂၃ ရွာကို သွားခွင့်ရမှာဖြစ်ပါတယ်။

ခုအခြေအနေကို နိုင်ငံခြားရေးဝန်ကြီးဌာနကနေ အလုပ်သမား၊ လူဝင်မှုနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနကို အကြောင်းကြားထားပြီဖြစ်ပြီး သွားလာဝင်ခွင့်နဲ့ပတ်သက်တာတွေ စီစဉ်ပေးဖို့ ပြောထားတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD