ကျပ်ငွေ ခုနှစ်သောင်းလုယက်ခဲ့တာပါ။

အငှားကား ငှားစီးတဲ့ ခရီးသည်ကိုယ်ဝန်သည်အမျိုးသမီးရဲ့ ဗိုက်ကိုပလာယာနဲ့ ထောက်ပြီး လုယက်မှုကျူးလွန်ခဲ့သူ အငှားယာဉ်မောင်းကိုရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။

Photo _ Yangon Police





ဖြစ်စဉ်ကတော့ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်မှာနေတဲ့ လင်မယားနှစ်ယောက်ဟာ ညီမတော်စပ်သူနေထိုင်တဲ့ အိမ်ကို ညအိပ်ပေးဖို့ သွားတဲ့ အချိန်မှာ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၅၈) ရပ်ကွက်၊

ဆရာဆောင်လမ်းပေါ်အရောက် အသင့်တွေ့တဲ့ အငှားယာဉ်ကို ငှားရမ်းပြီး အမျိုးသမီးဖြစ်သူက အရှေ့ခန်းယာဉ်မောင်ဘေးမှာ ထိုင်ပြီး အမျိုးသားဖြစ်သူက နောက်ခန်းမှာ ထိုင်ပြီးလိုက်လာခဲ့တယ်လို့ ဆိုပါတယ်။



အဲ့ဒီနောက် ဦးအမ်တင်လမ်းမှောင်ရိပ်ကျတဲ့နေရာအရောက် ယာဉ်မောင်းဖြစ်သူက ဘေးမှာ ထိုင်လိုက်လာတဲ့ အမျိုးသမီးကို ချွန်ထက်တဲ့ အရာနဲ့ ဝမ်းဗိုက်ကိုထောက်ပြီး “မင်းမိန်းမဘာမှ

မဖြစ်စေချင်ရင် ကားပေါ်ကဆင်း”လို့ ပြောဆိုတဲ့ အတွက် အမျိုးသားဖြစ်တဲ့သူ ကားပေါ်က ဆင်းသွားချိန်မှာ အမျိုးသမီးဆီမှာ ပါတဲ့ ပိုက်ဆံ ခုနှစ်သောင်းကျပ်ကို လုယက်ပြီး ထွက်ပြေးမောင်းနင်သွားတယ်လို့ ဆိုပါတယ်။



အဲ့ဒီနောက် မှုခင်းဖော်ထုတ်ရေး တပ်ဖွဲ့ဝင်တွေက အသုံးပြုတဲ့ကားနဲ့ပတ်သက်ပြီး

စုံစမ်းဆောင်ရွက်ခဲ့ရာမှာအငှားယာဉ်မောင်းနှင်သူဟာ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်မှာနေတဲ့

သန်းဇော်ဦး(ခ)စိုးမိုးကျော်ဖြစ်ကြောင်း သိရတာကြောင့် ပြစ်မှုကျူးလွန်သူကိုဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဖမ်းဆီးရမိသူ သန်းဇော်ဦး(ခ)စိုးမိုးကျော်ကို စစ်ဆေးချက်အရ အဲ့ဒီနေ့ ည ၁၁ နာရီလောက်အချိန် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ကနေ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ယောက်ကို သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ငွေကျပ် ၆၀၀၀ဖြင့် ငှားရမ်းပြီး လိုက်ပါပို့ဆောင်ပေးစဉ် အမှုကိုကျူးလွန်ခဲ့တယ်လို့ ပေါ်ပေါက်တယ်လို့ သိရပါတယ်။



အဲ့ဒီနောက် သက်သေခံပစ္စည်းတွေသိမ်းဆည်းနိုင်ခဲ့ပြီး သန်းဇော်ဦး(ခ)စိုးမိုးကျော်ကို အမှုဖွင့်အရေး ယူဆောင်ရွက်ထားတယ်လို့ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

Share

Loading Next Article...
က္က