အိမ်ခြေ ၃၀ ပျက်စီးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၈ ဇူလိုင်လ နှောင်းပိုင်းကစပြီး ဖြစ်ခဲ့တဲ့ ရေကြီးနစ်မြုပ်မှုတွေကြောင့် ခုချိန်ထိ စုစုပေါင်း လူ ၁၇ သေဆုံးခဲ့ပြီး ၁၅၂၅၄၁ ယောက် ရေဘေးသင့်ခဲ့တယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနရဲ့ သြဂုတ်လ ၉ ရက်နေ့ နောက်ဆုံးရ သတင်းအချက် အလက်တွေ အရသိရပါတယ်။

 



ရေဘေးသင့်အချက်အလက်တွေအရ ရေဘေးသင့် အိမ်ထောင်စုပေါင်း ၃၂၉၂၅ စု၊ ပျက်စီးခဲ့သော အိမ်ခြေ

၃၀ ခု နဲ့ ယာယီကယ်ဆယ်ရေးစခန်း ၃၃၈ ခု ကိုစီစဉ်ခဲ့ရတယ်လို့ အစိုးရအချက်အလက်တွေက ဖော်ပြပါတယ်။



ရေကြီးမှုတွေအတွင်းမှာ ရေဘေးသင့်တွေအတွက် မြန်မာအစိုးရရဲ့ထောက်ပံ့မှုတွေအနေနဲ့ ကတော့ ငွေသားထောက်ပံ့မှု ဒေါ်လာတစ်သိန်းကျော်၊ အစားအသောက်တွေ၊ အခြားအထောက်အပံ့ပစ္စည်းတွေနဲ့

ယာယီကယ်ဆယ်ရေးတွေစီစဉ်ပေးခဲ့ပါတယ်။



တကယ်တမ်းရေကြီးမှုတွေအတွက် လိုအပ်ချက်တွေအနေနဲ့ကတော့ ကျန်းမာရေးဝန်ဆောင်မှုနဲ့ ဆေးဝါးပစ္စည်းတွေ၊ ရေသန့်ဆေးတွေ၊ အိမ်သာတွေ၊ အင်းဆက်ကာကွယ်ရေး ပစ္စည်းတွေ၊ ဆိုလာ ပါဝါမီးတွေ

ရောဂါဖြစ်ပွားမှု စောင့်ကြည့်ခြင်းတွေဖြစ်တယ်လို့ အရပ်ဖက်လူ့အဖွဲ့အစည်းတချို့ကဆိုပါတယ်။



ကရင်ပြည်နယ် မွန်ပြည်နယ် ဖက်နဲ့ ပဲခူးမှာတော့ ရေပြန်ကျတဲ့အခြေအနေဖြစ်ပြီး ဧရာဝတီတိုင်းဖက်မှာတော့ မိုးဆက်ပြီးများနိုင်သေးတာကြောင့် မြစ်ရေကို ဂရုစိုက်ကြဖို့ မိုးလေဝသကဌာန ကသတိပေးထုတ်ပြန်ထားပါတယ်။

Share

Loading Next Article...
က္က