အိမ်ရှင်ဖြစ်သူက မက္ကာကို ဘုရားဖူးထွက်နေတယ်လို့ ဆိုပါတယ်။

အိမ်အကူမိန်းကလေးကို ဝါယာကြိုးနဲ့ ရိုက်နှက်ခဲ့တဲ့ အိမ်ရှင်ကို ကျောက်တံတားရဲစခန်းမှာ သြဂုတ်လ ၉ ရက်နေ့က ပုဒ်မနှစ်ခုနဲ့ အမှုဖွင့်ထားတယ်လို့ အိမ်အကူမိန်းကလေးရဲ့ အကိုဖြစ်သူက Duwun ကိုပြောပါတယ်။

အိမ်အကူမိန်းကလေး၏ ဒဏ်ရာများ (photo-Tint Zaw)

၃၆ လမ်း (အလယ်) ဘလောက်ကအိမ်တစ်အိမ်မှာာ အိမ်အကူအဖြစ် လုပ်ကိုင်နေတဲ့ အသက် ၁၇ နှစ်နှစ်အရွယ် ဒလမြို့နယ်မှာ နေထိုင်တဲ့မချိုပြုံးက အိမ်အကူအဖြစ် လုပ်ကိုင်နေတာတစ်လခန့်ရှိနေပြီဖြစ်ပြီးတော့ အိမ်အလုပ်လုုပ်တာအဆင်မပြေဘူးဆိုပြီးတော့ ရိုက်နှက်ခံရတာဖြစ်တယ်လို့ ဆိုပါတယ်။

"ကောင်မလေးက တစ်လကို သုံးသောင်းခွဲနဲ့ ရတယ်။ ကလေးကို မေးတော ကြောက်တယ်။မပြောဘူးဆိုတော့ အိမ်ရှင်ဆီသွားမယ်ဆိုပြီး ရဲစခန်းဆီခေါ်လာတာ။ ကျွန်မတို့ကလည်း သူတို့လာခေါ်တော့မှ သိတာ။ ပထမခေါ်တဲ့ အိမ်ကနေတစ်ဆင့် ဒီအိမ်ကိုပို့ပေးထားတာပါ။"လို့ မချိုပြုံးရဲ့ မိခင်ဖြစ်သူ ဒေါ်စန်းစန်းဝင်းက ပြောပါတယ်။

အိမ်ရှင်ဖြစ်သူ ဦးကျော်စိုးလင်းက ဘုရားဖူးဖို့အတွက် မကာမြို့ကို ခရီးထွက်နေတာဖြစ်ပြီးတော့ လက်ရှိအချိန်အထိ ဆက်သွယ်လို့ မရသေးဘူးလို့ သိရပါတယ်။

38744618_2085828344784927_9098866428206907392_n (1).jpg 

"အမှုက ဖွင့်မှာပါ။ ဘာလို့ လဲဆိုတော့သူတို့က ပိုက်ဆံရှိတယ်ဆိုပြီးတော့ လိုက်ဖိမှာစိုးလို့ပါ။ ကျွန်တော်က ညီတွေကို လှမ်းပြီးဖုန်းဆက်ထားတာ။ သတင်းထောက်တွေကို လှမ်းခေါ်ထားဆိုပြီးတော့။ ကိုယ်က ပိုက်ဆံနဲ့ အဖိခံရမှာကြောက်လို့လေ။"လို့ ကာယကံရှင်ရဲ့အကိုဖြစ်သူ ကိုချစ်ကိုကပြောပါတယ်။

သူမရဲ့ ဒဏ်ရာတွေကို ဈေးသွားရင်းနဲ့ အနီးအနားမှာရှိတဲ့ ဈေးသည်တွေကနေ မေးမြန်းရာကနေ တစ်ဆင့် ဝါယာကြိုးနဲ့အရိုက်ခံရတဲ့ဒဏ်ရာတွေလို့ ပြောတာကြောင့် ကျောက်တံတားရဲစခန်းကို ပို့ဆောင်ပြီး အမှုဖွင့်စေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီဖြစ်စဉ်အပေါ် မချိုပြုံးရဲ့ မိဘတွေနဲ့ တွေ့ဆုံပြီး ပြေလည်မှုရရှိအောင်ဆောင်ရွက်သွားမယ်လို့ အိမ်ရှင်ဖြစ်သူဘက်က တာဝန်ယူဆောင်ရွက်ပေးနေတဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုကွန်ရက်က ကိုကျော်လင်းဦးက ပြောပါထားပါတယ်။

Share

Loading Next Article...
က္က