မူလတာမွေမြို့နယ်တရားရုံးမှာပဲ ပြန်စစ်ဆေးဖို့ ချထား

အစ္စဏီအမှုနဲ့ ပတ်သက်ပြီး တရားလို စူးရှထက်က ရုံးပြောင်းလျှောက်ထားမှုကို အရှေ့ပိုင်းခရိုင်တရားရုံးကနေ ပယ်ချလိုက်ပြီး မူလတာမွေမြို့နယ်တရားရုံးကိုပဲ ပြန်စစ်ဆေးပေးမယ့် တရားရုံးက အမိန့်ချလိုက်တယ်လို့  အစ္စဏီ ရှေ့နေ ဦးကျော်ဇင်ဦးက ပြောပါတယ်။



“ရုံးပြောင်းခြင်းမရှိပါဘူး။ စူးရှထက်ရဲ့ လျှောက်ထားမှု မမှန်ကန်ကြောင်း သုံးသပ်ပြီးတော့ ခရိုင်တရားရုံးက ပယ်လိုက်ပါတယ်။ “ လို့ ရှေ့နေ ဦးကျော်ဇင်ဦးက ပြောပါတယ်။

ဒါပေမယ့် တရားလို စူးရှထက်ကနေ ဒီအမှုတွဲနဲ့ ပတ်သက်ပြီးတော့ မကျေနပ်တော့ကြောင့် ဆယ်လီဆဲဗင်းရုပ်သံမှာ ဖြေဆိုခဲ့တဲ့ စူးရှထက်ရဲ့ ရုပ်သံအင်တာဗျုးကို ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်ကို ပို့ထားတယ်လို့ သိရပါတယ်။

တိုင်းတရားလွှတ်တော်ကနေ မူလအမှုတွဲကို တောင်းခေါ်ယူထားတဲ့အတွက် လက်ရှိမှာ အမှုကိုဆက်လက်စစ်ဆေးဖို့ မဖြစ်နိုင်သေးဘဲ ရုံးချိန်းအတိုင်းသာ ရှိနေဦးမယ်လို့ ရှေ့နေ ဦးကျော်ဇင်ဦးက ပြောပါတယ်။

“ တာမွေတရားရုံးကတော့ အမှုကို ချိန်းနေကြအတိုင်းပဲ လာမယ့် ၁၃ ရက်နေ့ကို ချိန်းဆိုထားပါတယ်။ အမှုကတော့ တိုးတက်ရာတိုးတတ်ကြောင်း ဆက်လက်ဆောင်ရွက်နိုင်ခြင်းမရှိသေးပါဘူး။ အမှုကတော့ ကြန့်ကြာနေဦးမယ်။ ကျွန်တော့်လူကတော့ အချုပ်နဲ့ပဲ ဆက်ပြီးရင်ဆိုင်ရဦးမယ်” လို့ ဆိုပါတယ်။

မော်ဒယ်စူးရှထက် က အစ္စဏီရဲ့ အဓမ္မပြုကျင့်နှိပ်စက်ခံရကြောင်း ပြောဆိုထားတဲ့ ရုပ်သံအင်တာဗျုးကို မြန်မာဆယ်လီဆဲဗင်း သတင်းဌာနမှာဖော်ပြခဲ့ပါတယ်။

ဧပြီလ ၁၂ ရက်နေ့က  အဆိုတော်အစ္စဏီက မော်ဒယ်စူးရှထက်ကို အလိုမတူဘဲ အဓမ္မပြုကျင်ပြီး ကိုယ်လက်နာကျင်အောင်ရိုက်နှက်ခဲ့လို့စူးရှထက်က အမှုဖွင့်တိုင်ကြားခဲ့တာပါ။

အဆိုတော်အစ္စဏီကို တာမွေမြို့မရဲစခန်းကနေ  မုဒိမ်းမှုအပါအဝင် ပုဒ်မ ၃ ခုနဲ့ တရားစွဲဆိုထားပြီး အင်းစိန်ထောင်မှာထိန်းသိမ်းခံထားရတာ ငါးလလောက်ရှိနေပြီလည်းဖြစ်ပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က