နှစ်စီးဆင်းတိုက်တာကြောင့် ဘေးနားက အိမ်ကိုလည်း ထိသွားပါတယ်။

ကြည့်မြင်တိုင်ကမ်းနားလမ်းမှာ သြဂုတ်လ ၁၀ ရက်နေ့ မနက်ပိုင်း ၂ နာရီလောက်က ကုန်တင်ယာဉ်နှစ်စီးတိုက်မှုဖြစ်ပွားတာကြောင့် တစ်ဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကြည့်မြင်တိုင်ယာဉ်ထိန်းရဲအမှုစစ်က Duwun ကို ပြောပါတယ်။

38824835_2113684438855555_845448807385661440_n.jpg

Photo - Yangon Traffic Police

 

ကြည့်မြင်တိုင်ကမ်းနားလမ်း မီးသတ်ဌာနနေရှေ့နားမှာ ကုန်တင်ယာဉ်နှစ်စင်းတိုက်မိတာဖြစ်ပြီးတော့ ကြည့်မြင်တိုင်ဘက်နေ အသွားဘက်က ကားနဲ့ အပြန်ဘက်က ကုန်တင်ကွန်တိန်နာယာဉ်နှစ်စင်း က ဆင့်တိုက်မိတာဖြစ်ပါတယ်။

"ကြည့်မြင်တိုင်စခန်းမှာ အရေးယူထားတယ်လို့ သိရပါတယ်။ လူတစ်ယောက်သေပြီး သုံးယောက်ဒဏ်ရာရပါတယ်။"လို့ ကြည့်မြင်တိုင်ယာဉ်မှုစစ် ရဲအုပ်မောင်နိုင်က Duwun ကို ပြောပါတယ်။

လတ်တလောမှာ ဒဏ်ရာရရှိသူတွေကို ဆေးကုသဖို့အတွက် ဆေးရုံကို ပို့ဆောင်ထားပြီး နောက်ဆက်တွဲအခြေအနေကို မသိရသေးဘူးလို့ မျက်မြင်သက်သေတွေက ဆိုပါတယ်။

အဲ့ဒီလိုယာဉ်တိုက်မှုဖြစ်ခဲ့တာကြောင့် ကြည့်မြင့်တိုင်ကမ်းနားလမ်းတစ်လျှောက်မှာ နာရီနဲ့ ချီပြီး ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်ပေါ်နေပါတယ်။

Share

Loading Next Article...
က္က