AD
AD
AD

ရန်ကုန်မှာ သြဂုတ်လ ၁၀ ရက်ကနေ ၁၆ ရက်ကြား ထူးကဲဒီရေတက်မှာကြောင့် ရန်ကုန်အနိမ့်ပိုင်းနေရာက လူတွေအတွက် ရေကြီးရေလျှံမှုတွေ ကြုံတွေ့ရနိုင်တယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက နေသတင်းထုတ်ပြန်လိုက်ပါတယ်

play
ရန်ကုန်မြို့ ကမ်းနားလမ်းတစ်နေရာ

 

ရန်ကုန်ရဲ့ ရေစွန့်ထုတ်မှုစနစ်က ဒီရေအတက်အအကျရှိတဲ့ ရန်ကုန်မြစ်ကို အခြေခံထားတာကြောင့် ရန်ကုန်မြစ်အတွင်းမှာ ထူးကဲဒီရေတက်မယ့် အချိန်တွေမှာ အနိမ့်ပိုင်းနေရာတွေကို ဒီရေ၀င်ရောက်ဖို့ ရှိတယ်လို့ ထုတ်ပြန်ထားတာပါ။

ထူးကဲဒီရေတက်ချိန်မှာ မိုးသည်းထန်စွာရွာသွန်းချိန်နဲ့တိုက်ဆိုင်တယ်ဆိုရင် အနိမ့်ပိုင်းနေရာတွေမှာ ရေကြီးနိုင်တာကြောင့် သတိပြုဖို့ ထုတ်ပြန်ထားတာပါ။

play
ရန်ကုန် ကမ်းနား တစ်နေရာ

 

ဒါ့အပြင် ထူးကဲဒီရေမြင့်တက်လာနိုင်တာကြောင့် ဒလမြို့နယ်က မြေနိမ့်ပိုင်းရပ်ကွက်တွေနဲ့ မြစ်ချောင်းကမ်းဘေးနေရာတွေမှာ ကြိုတင်ပြင်ဆင်နိုင်ဖို့ လူမှုဝန်ထမ်းက နေ ဆောင်ရန်ရှောင်ရန် အချက်တွေကို ဖြန့်ဝေတာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံအနှံ့မှာ ရေကြီးရေလျှံမှုတွေက ဇူလိုင်လဆန်းပိုင်းကနေကြုံတွေ့နေရတာဖြစ်ပြီးတော့ တနသာင်္ရီတိုင်း၊ပဲခူးတိုင်း၊မွန်ပြည်နယ်တို့မှာ ရေဘေးဒဏ်ကို အများဆုံးခံစားနေရတာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD