AD
AD
AD

သီပေါမြို့နယ် နမ့်လန်ကျေးရွာအုပ်စုဘက်မှာ သြဂုတ်လ ၉ ရက်နေ့ မနက် ၁၀ နာရီလောက်က ခြံထွက်ပြောင်းတွေရောင်းချပြီး ပြန်သွားတဲ့ တောင်သူလင်မယား နှစ်ဦးကို အမည်မသိ လူနှစ်ယောက်က သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ခဲ့တယ်လို့ နမ့်လန် ရဲစခန်းကသိရပါတယ်။
 

play
Photo - Google Map


နောင်ဝိုးရွာသား လုံးစန်းအော နဲ့ ပါစန်းမြ တို့ လင်မယား နှစ်ဦးမှာ နမ့်လန်မှာ ခြံထွက်ပြောင်းတွေ ရောင်းချအပြီး ဆိုင်ကယ်နဲ့ အပြန် ခိုဟန့်တံတားအရောက်မှာ အမည်မသိ သေနတ်သမား ကပစ်ခတ်ခဲ့လို့ နမ့်လမ်ဆေးရုံကို ပို့ဆောင်ကုသထားရပါတယ်။

ပစ်ခတ်မှုကြောင့် လုံးစန်းအော ကတော့ ဘယ်ဘက်လက်ညိုးကိုသာထိသွားပြီး အမျိုးသမီးကတော့ ခါးနားကနေ တင်ပဆုံအထိဖောက်ထွက်သွားတာကြောင့် အရေးပေါ်ခွဲခန်းဝင်ရတာကြောင့် ခုချိန်ထိ စိုးရိမ်ရတယ်လို့ ရဲတပ်ဖွဲ့ကသိရပါတယ်။

"ဘယ်အဖွဲ့ကလည်း ဆိုတာ စုံစမ်းစစ်ဆေးနေပါတယ်။ အမျိုးသားကတော့ အဆင်ပြေပါတယ်။ အမျိုးသမီးကတော့ အရေးပေါ်ခွဲစိတ်ခန်းဝင်နေရပါတယ်။"လို့ နမ့်လန် ရဲစခန်းကတာဝန်ကျ ရဲတစ်ဦးက Duwun ကိုပြောပါတယ်။

သေနတ်နဲ့ ပစ်သွားသူတွေဟာ ရွှေငွေဥစ္စာပစ္စည်း လုယက်ယူဆောင်ခြင်းမရှိဘူးလို့ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း ၊သီပေါမြို့နယ်၊ နမ့်လန်အနီး မန်လီကျေးရွာမှာ တပ်မေ တ်ာသား ၁ ဦးနဲ့ သက်ကြီးရွယ်အို ၁ ဦး ကလေးငယ်တစ်ဦးကို ဈေးကအပြန် အမည်မသိသေနတ်သမားတွေက ချောင်းပြီး ပစ်တာကြောင့် ၃ ယောက်လုံးသေဆုံးသွားခဲ့ပါသေးတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD