သထုံမြို့မှာ သြဂုတ်လ ၉ ရက်နေ့က ဖြစ်ခဲ့တာပါ။

ရည်းစားဖြစ်သူရေနစ်သေဆုံးမှုကြောင့် အမျိုးသမီး တစ်ဦး အဆိပ်သောက်ပြီး ကိုယ်ကိုကိုယ်သတ်သေမှုတစ်ခု သထုံမြို့မှာဖြစ်ပွားခဲ့တယ်လို့ သထုံခရိုင်ရဲတပ်ဖွဲ့က Duwun ကိုပြောပါတယ်။

Photo - သထုံ သုဓမ္မဝတီမြိုသစ်





သြဂုတ် ၈ ရက်နေ့ မနက်ပိုင်းက ရည်းစားဖြစ်သူဟာ သူနေထိုင်တဲ့ ဒလဘန်းရွာနဲ့ ရှမ်းစုရွာ ကြား တံတားအနားက ရေမြောင်းထဲမှာ ရေနစ်သေဆုံးမှုဖြစ်ခဲ့ပြီး နောက်တစ်နေ့ သြဂုတ်လ ၉ ရက်နေ့ မနက် အစောကြီး ၃ နာရီလောက်မှာ အဆိပ်သောက်ပြီး သတ်သေသွားတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကသိရပါတယ်။



ရေနစ်သေဆုံးတဲ့ အမျိုးသားဟာ အသက် ၂၂ နှစ်ရှိပြီဖြစ်ပြီး အဆိပ်သောက်သေတဲ့ အမျိုးသမီးကတော့ အသက် ၂၁ နှစ်အရွယ်ရှိတယ်လို့သိရပါတယ်။ သေဆုံးသူအမျိုးသမီးဟာ အဆိပ်သောက်သေကြောင်းပေါက်ပေါက်တယ်လို့ ရဲတပ်ဖွဲ့က အတည်ပြုပါတယ်။



"ရေနစ်ပြီး ဆုံးတဲ့ ကောင်လေးကတော့ မနေ့က အသုဘချတယ်။ အဆိပ်သောက်တဲ့ ကောင်မလေးကတော့ ဒီနေ့ သြဂုတ်လ ၁၀ ရက်နေ့မှာ အသုဘချပါတယ်။ သောက်တဲ့ အဆိပ်က ပေါ်တက် လို့ ခေါ်တဲ့ အဆိပ်ပါ။"လို့ သထုံခရိုင်က အဆင်မြင့်ရဲအရာရှိတစ်ဦးက Duwun ကိုပြောပါတယ်။



အဆိပ်သောက်သေဆုံးမှုနဲ့ပတ်သက်ပြီးတော့ အလောင်းကို ဆေးရုံမှာ စစ်ဆေးပြီးတာကြောင့် ရဲလုပ်ထုံးလုပ်နည်းအရ သေမှုသေခင်းဖွင့်ပြီးဆောင်ရွက်နေတယ်လို့ သထုံခရိုင်ရဲတပ်ဖွဲ့က သိရပါတယ်။

Share

Loading Next Article...
က္က