အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ လုံခြုံရေးအတွက် စိတ်ပူစရာပါ။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် သြဂုတ်လ ၁၀ ရက်နေ့ မနက် ၁၀ နာရီလောက်က တ္တရာမြို့ကနေ ယက္ကန်းစင်တောင်ညောင်ပင်ရွာက သစ္စာနန္ဒ ဓမ္မစင်တာကိုသွားရောက်ခဲ့ပါတယ်။



Photo - Kyaw Zeya





မတ္တရာမြို့ကနေ ညောင်ပင်ရွာကိုသွားတဲ့ ရေလမ်းခရီးမှာ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ လှေငယ်တစ်စီးကို စီးပြီးသွားခဲ့တာကြောင့် အတိုင်ပင်ခံရဲ့ လုံခြုံရေးကို စိုးရိမ်သူတွေက ခရီးလမ်းစီစဉ်သူတွေကို အပစ်တင်နေကြပါတယ်။

Photo - Kyaw Zeya





လူမှုကွန်ရက်ပေါ်မှာ အတိုင်ပင်ခံ ပုဂ္ဂိုလ်စီးတဲ့လှေနဲ့ လိုက်လာပုံတွေ၊ လှေပေါ်ကနေ ခက်ခက်ခဲခဲဆင်းနေရပုံတွေကို ကြည့်ပြီး စိုးရိမ်နေကြတာဖြစ်ပါတယ်။



အဲ့ဒီစင်တာဟာ ပါမောက္ခချူပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာတည်ထောင်ခဲ့တာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ဆွမ်းကပ်တာတွေ တရားနာတာတွေပြုလုပ်ခဲ့ပါတယ်။

Photo - Kyaw Zeya





"မတ္တရာမြို့ကို မနက်ပိုင်းကရောက်လာပြီး ညောင်ပင်ရွာမှာ ဓမ္မစင်တာကို သွားခဲ့ပါတယ်။ နေ့လည်လောက် ကတော့ ပြန်ပြီးထွက်ခွားသွားပါတယ်။"လို့မတ္တရာမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းက Duwun ကိုပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က