လစဉ်ထုတ်ဝေသွားတော့မှာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း အယ်ဒီတာလုပ်ခဲ့တဲ့ အိုးဝေမဂ္ဂဇင်းကို ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက (ဗကသများအဖွဲ့ချုပ်) ကနေ ပြန်လည်ထုတ်ဝေတော့မယ်လို့ သိရပါတယ်။

Photo - ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ

မဂ္ဂဇင်းမှာ ကျောင်းသားတွေနဲ့ ပတ်သက်တဲ့ ကာတွန်း၊ကဗျာ၊ဝတ္တုတို၊ ရသစာပေ၊ နိုင်ငံရေးဆောင်းပါးတွေ၊အသိပညာ၊အတတ်ပညာရပ်ဆိုင်ရာ ဆောင်းပါးတွေ ပါဝင်မှာဖြစ်ပြီး ယခုနှစ်အတွင်း ထုတ်ဝေဖို့ ပြင်ဆင်နေပြီလို့သိရပါတယ်။

အိုးဝေမဂ္ဂဇင်းကို တစ်လ တစ်ခါ ပုံမှန် ထုတ်ဝေသွားမှာဖြစ်ပြီး ရန်ကုန်တက္ကသိုလ်မှာ ဖြန့်ဝေသွားမယ်လို့ ဆိုပါတယ်။

“အခုတော့ စာမူတွေကို ပေးပို့နိုင်ဖို့ ဖိတ်ခေါ်ထားပါတယ်။ရန်ကုန်တက္ကသိုလ်က ကျောင်းသားတွေအပြင် အပြင်က စိတ်ဝင်စားတဲ့သူတွေလည်း စာမူတွေပေးပို့လို့ရပါတယ်။  အိုးဝေမဂ္ဂဇင်းကို ပထမဆုံးအနေနဲ့ ပြန်လည်ထုတ်ဝေမှာဆိုတော့ စနစ်တကျဖြစ်အောင်ပြင်ဆင်နေပါတယ်။” လို့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) အတွင်းရေးမှူး ကိုကောင်းထက်ထွန်းက Duwun မီဒီယာကို ပြောပါတယ်။

Photo - ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ

အရင်ကတော့ အိုးဝေစာစောင်တွေကို အထိမ်းအမှတ်နေ့တွေမှာ ထုတ်ဝေလေ့ရှိပြီး  အခုတော့ အိုးဝေမဂ္ဂဇင်းကို ပုံမှန်ထုတ်ဝေသွားတော့မှာ ဖြစ်ပါတယ်။

အိုးဝေမဂ္ဂဇင်းအတွက် စာမူပေးပို့ လိုသူတွေအနေနဲ့  yusuabfsu@gmail.com ကိုပေးပို့နိုင်ပါတယ်။

အိုးဝေမဂ္ဂဇင်းကို ဗိုလ်ချုပ်အောင်ဆန်းအယ်ဒီတာလုပ်ပြီး ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက ၁၉၃၁ ကနေ ၁၉၆၁ အထိ ၁၉ အုပ် ထုတ်ဝေခဲ့ပါတယ်။

အဆိုပါမဂ္ဂဇင်းမှာ ဗိုလ်ချုပ်အောင်ဆန်းက တက္ကသိုလ်အာဏာပိုင်တွေရဲ့ အပြုအမူတွေကိုဝေဖန်တဲ့ (HELL HOUND AT LARGE) ခွေးသရမ်းကြီးလွတ်နေသည် ဆောင်းပါးရေးသူကို ထုတ်ဖေါ်မပြော လို့ ဆိုပြီး ကျောင်းကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။

Share

Loading Next Article...
က္က