AD
AD
AD

အရက်လိုက်သောက်ဖို့ ခေါ်တာမှာ လိုက်မသောက်တဲ့အတွက် စိတ်ဆိုးပြီး သေနတ်နဲ့ ပစ်သတ်လိုက်လို့ လူတစ်ဦးသေဆုံးသွားတဲ့ ဖြစ်စဉ် တစ်ခု တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်ထဲက ရေပြည့်အော် ကျေးရွာမှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

play
Photo - ထိုက်ငယ်


တောပြားကြီးကျေးရွာအုပ်စု၊ ရေပြည့်အော်ကျေးရွာအနောက်ဘက် (၁)မိုင်ခန့်အကွာ ဆောင် ကြီးတောင်ပေါ်က ဥယျာဉ်ခြံမှာနေထိုင်တဲ့အသက် ၃၃ နှစ်အရွယ် ဦးစိုးလွင်ကို သူ့ရဲ့အိမ်ရှေ့နားမှာရပ်နေစဉ် ဥယျာဉ်ခြံချင်းကပ်တွင်နေထိုင်တဲ့အသက် ၅၆ နှစ်အရွယ် ဦးမြင့်နိုင်ရောက် ရှိလာပြီး အရက်သောက်ဖို့ ခေါ်ရာမှာ ဦးစိုးလွင်က မသောက်ချင်လို့ပါလို့ ငြင်းလိုက်ရာက ဦးမြင့်နိုင်ကနေ အသင့်ယူဆောင်လာသော လက်လုပ် ယမ်းထောင်း (ခ)တူမီးသေနတ်နဲ့ တစ်ချက်ပစ်လိုက်တယ်လို့ရဲတပ်ဖွဲ့ကပြောပါတယ်။

ဒါ့အပြင် ထိမှန်လဲကျသွားစဉ်မှာ အသင့်ယူဆောင်လာတဲ့ ဓားမြှောင်နဲ့ ဦးစိုးလွင်၏ ဝဲဘက်နားရွက်ကို ထပ်မံလှီးဖြတ်နေတာကို ဦးစိုးလွင်ရဲ့ ဇနီးဖြစ်သူဒေါ်မြစိုးက မြင်တွေ့ ကာကြောက်လန့်ပြီး ဥယျာဉ်ခြံတောင်အောက်ကိုဆင်းပြီး ရေပြည့်အော်ကျေးရွာရှိလူကြီးထံ သွားရောက်တိုင်တန်းခဲ့ပါတယ်။


အဲ့ဒီနောက် ကျေးရွာလူကြီးတွေနဲ့ အတူအခင်းဖြစ်နေရာကို မနက် ၇ နာရီလောက်မှာ အခင်းဖြစ်တဲ့ နေရာသို့ပြန်လည်ရောက်ရှိရာ ဦးစိုးလွင်ရဲ့ လက်ဝဲဘက် လက်မောင်းမှာ ကျည်ပေါက်ဝင်ဒဏ်ရာ(၁)ချက်၊ ဝဲဘက်ရင်အုံကနေ ကျည်ပေါက်ဝင်ပြီး နောက်ကျောကို ပေါက်ထွက်နေသည့် ဒဏ်ရာ(၁)ချက်၊ ဝဲဘက်နားရွက်မှာ ပြတ်ရှဒဏ်ရာ(၁)ချက်၊ ယာဘက်လက်မောင်း ပွန်းပဲ့ဒဏ်ရာ(၁)ချက်နဲ့  သေဆုံးနေတာကြောင့် ကျွန်းစုမြို့နယ်ရဲစခန်းကအမှုဖွင့်ဆောင်ရွက်ထားရှိလျက်ရှိကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD