စက်မှုဖွံ့ဖြိုးမှုနယ်မြေလည်း လုပ်ဦးမယ်လို့ ဆိုပါတယ်။

ရန်ကုန်ဆိပ်ကမ်းနေရာကို လက်ရှိကမ်းနားနေရာကနေ ရန်ကုန်မြစ်ရဲ့ထိပ်ဖက်ကိုရွေ့ဖို့အတွက် ပြင်ဆင်ဆောင်ရွက်နေတယ်လို့ သြဂုတ်လ ၁၁ ရက်နေ့ မှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုလိုက်ပါတယ်။



38898963_1978797322186332_4092019499874648064_n.jpg

Photo - Yangon Regional Government Facebook

 

ဒါ့အပြင် ကိုရီးယား - မြန်မာ ချစ်ကြည်ရေး ဒလ တံတား တည်ဆောက်မယ့် ဧရိယာရဲ့ တံတားအဆင်းနေရာမှာစက်မှုဖွံ့ဖြိုးမှုနယ်မြေအဖြစ် ဆောင်ရွက်သွားမယ်လို့ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့Myanmar Wooree ကုမ္ပဏီတို့အကြား စက်မှုဖွံ့ဖြိုးမှုနယ်မြေတည်ဆောက်နိုင်ရေးကိစ္စနဲ့ ပတ်သက်ပြီး နားလည်မှုစာချွန်လွှာ(MOU) လက်မှတ်ရေးထိုးပွဲအခမ်းအနားမှာ ပြောဆိုလိုက်တာဖြစ်ပါတယ်။

"ကျွန်တော်တို့ ဒီနေ့ဆောင်ရွက်တဲ့ ကိစ္စကတော့ ရန်ကုန်မြို့တော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးတဲ့ကဏ္ဍတစ်ခု ဖြစ်ပါတယ်။ ရန်ကုန်မြို့တော်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ Project တစ်ခုဖြစ်တဲ့ ကိုရီးယားနိုင်ငံနဲ့ ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရကြားမှာ နားလည်မှုစာချွန်လွှာလက်မှတ် ရေးထိုးနိုင်ခြင်းဟာ ကျွန်တော်တို့ရဲ့ပထမခြေလှမ်းတစ်ခုကို စတင်နိုင်ခြင်းပဲဖြစ်ပါတယ်။"လို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောပါတယ်။

Photo - Yangon Regional Government Facebook

ဒလ တံတားကို ၂၀၂၀-၂၀၂၁ ခုနှစ်မှာ စတင်သွားလာနိုင်ဖို့ ပြင်ဆင်နေပြီးမကြာခင် စတင်တည်ဆောက်လုပ်တော့မှာဖြစ်တယ်လို့ လည်းသူကပြောပါတယ်။

"ဒီတံတားကြီး တည်ဆောက်လိုက်မယ်ဆိုရင် wooree နဲ့ဆောင်ရွက်မယ့် စက်မှုဇုန် ဧရိယာဟာ အလွန်အင်မတန်ကို ကောင်းတဲ့နေရာတစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း များစွာ အထောက်အကူဖြစ်မှာ ဖြစ်ပါတယ်။’’ဟု ၎င်းက ပြောသည်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က