ကာလရှည်ကြာအာဟာရချို့တဲ့ခဲ့တာကြောင့်ဖြစ်ပါတယ်။

ကာလရှည်ကြာအာဟာရချို့တဲ့တာကြောင့် အရပ်ပုညှက်နေတာနဲ့ သံဓာတ်အားနည်းတာတွေက မြန်မာနိုင်ငံရဲ့ အဓိကက အာဟာရချို့တဲ့မှုဖြစ်နေတယ်လို့ သြဂုတ် ၁၁ ရက်နေ့ကပြုလုပ်တဲ့ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် ဖွင့်ပွဲမှာ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။



38905575_226009538112643_482747164359917568_n.jpg 

မြန်မာနိုင်ငံမှာငါးနှစ်အရွယ်ကလေးငယ်တွေမှာ ကာလရှည်ကြာအာဟာရချို့တဲ့တာကြောင့် ရှိသင့်တဲ့အရပ်မရှိဘဲ ပုညှက်နေတာနဲ့ အမျိုးသမီးတွေမှာ သံဓါတ်ချို့တဲ့နေတာက အဓိကကျန်းမာရေးချို့တဲ့မှုဖြစ်နေတာလို့ အာဟာရဌာန တာဝန်ရှိသူတွေက ပြောကြားလိုက်တာပါ။

"နှစ်မျိုးမှာငါးနှစ်အောက်ကလေးတွေကကာလတာရှည်အာဟာရချို့တဲ့လို့အရပ်ပုတာ၊ရှိရမယ့်အရပ်မရှိတာရယ်။နောက်တစ်ခုက သွေးအားနည်းတာက ငါးနှစ်အောက်ကလေးတွေကော၊ နောက်ပြီး အသက် ၁၅ နှစ်ကနေ ၄၉ နှစ်အထိအမျိုးသမီးတွေသွေးအားနည်းတာပေါ့။ အဲ့ဒီနှစ်ခုက အဓိက ဖြစ်နေလို့ ဒါကို အဓိကထားပြီးလုပ်နေတာပေါ့။"လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အာဟာရဌာနက ဒုတိယညွှန်ကြားရေးမှူးဒေါက်တာလွင်မာလှိုင်က ပြောပါတယ်။

ကျောင်းနေရွယ်ကလေး ကိုးသိန်းကျော်မှာ အသက်ငါးနှစ်အောက်ကလေးတွေမှာ ရှိသင့်တဲ့အရပ်မရှိဘဲပုညှက်နေတာက ၂၉.၂ ရာခိုင်နှုန်းနဲ့ သုံးယောက်မှာတစ်ယောက် အရပ်ပုနေခြင်းကို ကြုံတွေ့နေရတာဖြစ်ပါတယ်။

အသက် ငါးနှစ်အောက်ကလေးတွေ သွေးအားနည်းနေတာက ၅၈ ရာခိုင်နှုန်း နဲ့ အမျိုးသမီးတွေ အသက် ၁၅ နှစ်ကနေ ၄၉ နှစ်အထိမှာသွေးအားနည်းရောဂါခံစားနေရတာက ၄၇ ရာခိုင်နှုန်းဖြစ်ပြီးတော့ အမျိုုးသမီးနှစ်ယောက်မှာ တစ်ယောက်နှုန်းနဲပ သွေးအားနည်းနေတာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံအနေနဲ့လည်း အာဟာရဖွံ့ဖြိုးမှုအတွက် ဗဟိုအဆင့်အနေနဲ့ လုပ်ဆောင်နေပြီးတော့ အခုသြဂုတ်လမှာ မိခင်နို့် စနစ်တကျ တိုက်တာ၊ ကျောင်းသားလူငယ်တွေ အာဟာရဖွံ့ဖြိုးမှုအတွက် လုပ်ဆောင်တာ၊ ကိုယ်ဝန်ဆောင်မိခင်တွေ အာဟာရဖွံဖြိုးရေး ၊ အိုင်အိုဒင်းချို့တဲ့မှုပပျောက်ရေး စတဲ့ လေးပတ်ကိုသြဂုတ်လ တစ်လလုံးမှာ ရပ်ကွက်အလိုက်၊ကျောင်းအလိုက် လုပ်ဆောင်မယ်လို့လည်း တရားဝင်မိတ်ဆက်ခဲ့ပါတယ်။

နိုင်ငံတကာသုတေသနရလာဒ်တွေအရ အာရှပစိဖိတ်ဒေသတွေမှာ ငါးနှစ်အောက်ကလေးတွေ သေဆုံးတာရဲ့ ၅၃ ရာခိုင်နှုန်းက အာဟာရချို့တဲ့မှုနဲ့ဆက်နွယ်နေတယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က