ပန်းဘဲတန်း ရဲစခန်းမှာဖြစ်ခဲ့တာပါ။

အရပ်သားတစ်ဦးကို ရဲတွေက အုပ်စုဖွဲ့ကာ ရဲစခန်းကို အကြောင်းမဲ့ခေါ်ဆောင်ပြီး ဦးခေါင်းကို သေနတ်ဒင်နဲ့ထုတယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကျူးလွန်သူတွေကို စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ပြီစစ်ဆေးနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။



Photo - Sandar Win Aung Facebook





သြဂုတ်လ ၁၁ ရက်နေ့ ညနေပိုင်းက Sandar Win Aung အကောင့်နာမည်ဖြင့်

လူမှုကွန်ရက်အင်တာနက်စာမျက်နှာတွင် ပန်းဘဲတန်းမြို့နယ်၊ မဟာဗန္ဓုလလမ်းနှင့် ကုန်ဈေးတန်း

လမ်းထောင့် ရှိ “ လမ်းဘေး ” ထမင်းကြော်ဆိုင်၌ ကိုစည်သူနှင့် ၎င်း၏ဇနီးဖြစ်သူတို့ ထမင်းကြော်စားနေစဉ် အငှားယာဉ် တစ်စီးရောက်ရှိလာပြီး ၎င်းယာဉ်မောင်းဖြစ်သူမှ ကိုစည်သူ၏ ဇနီးအား “ ဘာလိုမှိုင်နေ

တာလဲ၊ အခုထိ လူမရသေးလို့လား၊ ဈေးဦးမပေါက်သေးဘူးလား” ဟုပြောဆိုသဖြင့် ၎င်းယာဉ်မောင်းနှင့် အဆိုပါ ဇနီးမောင်နှံတို့ စကားများရန်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။



အဲ့ဒီနောက် ပန်းဘဲတန်းမြို့မရဲစခန်းက တပ်ဖွဲ့ဝင်တွေရောက်ရှိလာပြီး အချင်းဖြစ်နေသူတွေကို ပန်းဘဲတန်းမြို့မရဲစခန်းသို့ ခေါ်ဆောင်ခဲ့ကြောင်း၊ အဲ့ဒီလိုခေါ်ဆောင်လာစဉ် ရဲတပ်သားတစ်ဦးကကိုစည်သူ၏ နားထင်ကို သေနတ်ဒင်ဖြင့်ထုပြီး သေနတ်ပြောင်းဝနှင့် နောက်စေ့ကို စောင့်ခဲ့တာကြောင့် ကိုစည်သူရဲ့ဦးခေါင်းမှာ ဒဏ်ရာရရှိခဲ့ပါတယ်။



အဲ့ဒီဖြစ်စဉ်ကြောင့် အခင်းဖြစ်စဉ်တွင်ပါဝင်သူ တပ်ဖွဲ့ဝင်တွေကို စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့စည်းစစ်ဆေးဆောင်ရွက်နေတယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က