တောဆင်ရိုင်း ၄ ကောင်ကို သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။

လှည်းကူးမြို့နယ်မှာ ဆင်တွေကို သတ်ဖြတ်ပြီး ဆင်စွယ်နဲ့ အရေခွံတွေကို ရောင်းချခဲ့သူကို ဖမ်းဆီးရမိခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

 

ဲပြစ်မှုကျူးလွန်သူ မောင်ရွှေ (ခ) ရွှေမောင်

 

ပြီးခဲ့တဲ့ ဧပြီလတုန်းက လှည်းကူးမြို့နယ် ကလီထော်ကြိုးဝိုင်းမှာ တောဆင်ရိုင်းတစ်ကောင် သေဆုံးခဲ့လို့ စုံစမ်းရာ ကျော်ဝင်းနဲ့ စိန်ဝင်းဆိုသူတို့ကို ဖမ်းဆီးခဲ့ရာ သူတို့ကို စစ်ဆေးချက်အရ ပြစ်မှုကျူးလွန်ရာမှာ မောင်ရွှေ (ခ) ရွှေမောင်ပါဝင်တယ်လို့ သိရတာကြောင့် တရားခံပြေးအဖြစ် ဆက်လက်ဆောင်ရွက်ခဲ့ပါတယ်။

စုံစမ်းချက်အရ မောင်ရွှေ(ခ) ရွှေမောင်ဟာ ရှမ်းပြည်နယ်၊မိုင်းရှုးမြို့မှာ ကျောက်တူးတဲ့သူဖြစ်ပြီး သြဂုတ်လ ၇ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

မောင်ရွှေ (ခ) မောင်ရွှေကို စစ်ဆေးရာ သူအပါအဝင် (၈) ဦးဟာ ၂၀၁၈ ခုနှစ် မတ်လတုန်းက လှည်းကူးမြို့နယ် ပေါင်းလင်းသစ်တောကြိုးဝိုင်းမှာ  ဆင်ထီးတစ်ကောင်ကို တူမီးသေနတ်နဲ့ ပစ်သတ်ခဲ့ပြီး ဆင်စွယ်နဲ့ အရေခွံတို့ကို ရောင်းချခဲ့တယ်လို့  စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။

ဒါ့အပြင် ၂၀၁၇ မတ်လတုန်းကလည်း လှည်းကူးမြို့နယ် ကြိမ်မှန်မြှောင်မှာ ဆင်မတစ်ကောင်၊စက်တင်ဘာလနဲ့ နိုဝင်ဘာလတုန်းကလည်း လှည်းကူးမြို့နယ် မရမ်းချောင်အုပ်စု မှာ ဆင်ထီးတစ်ကောင်နဲ့ ဆင်မကောင်တို့ကို တူမီးသေနတ်တွေနဲ့ ပစ်သတ်ခဲ့ပြီး အစွယ်နဲ့ အရေခွံတို့ကို ရောင်းချခဲ့တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ကနေ ထုတ်ပြန်ပါတယ်။

ရွှေမောင် (ခ) မောင်ရွှေကို တောရိုင်းတိရစ္ဆာန် ပုဒ်မ ၃၇ (က) အမှု (၄) မှုကို ဖော်ထုတ်ခဲ့ပြီး ဖောင်ကြီးနယ်မြေရဲစခန်းကနေ လက်နက်များအက်ဥပဒေပုဒ်မနဲ့ ထပ်မံအမှုဖွင့်အရေးယူူထားတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က