ရေတက်မယ်လို့လည်း စည်ပင်ကကြိုအသိပေးထားတာပါ။

ရန်ကုန်မြို့မှာ သြဂုတ်လ ၁၀ ရက်ကနေ ၁၆ ရက်ကြားမှာ ထူးကဲဒီရေတက်မှာကြောင့်သြဂုတ် ၁၁ ရက်နေ့ကစပြီး မြစ်အနီးကနေရာနဲ့ ရပ်ကွက်တွေမှာ ရေတွေဝင်ရောက်ပြီး နစ်မြုပ်နေတာဖြစ်ပါတယ်။



ရန်ကုန်ရဲ့ ရေစွန့်ထုတ်မှုစနစ်က ဒီရေအတက်အကျရှိတဲ့ ရန်ကုန်မြစ်ကို အခြေခံထားတာဖြစ်ပြီးတော့ ရန်ကုန်မြစ်အတွင်းမှာ ထူးကဲဒီရေတက်မယ့် အချိန်တွေမှာ အနိမ့်ပိုင်းနေရာတွေကို ရေဝင်မယ်ဆိုပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကနေ သတင်းထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်။

“၁၁ ရက်နေ့ နေ့လယ် ၁ နာရီလောက်ကတည်းက မိုးမရွာဘဲ ရေတွေဝင်လာတာ။ ကျွန်မတို့ အနောက်ဘက်က ချောင်းလည်း ရှိတော့ တစိမ့်စိမ့်နဲ့ ရေတွေဝင်လာတာပဲ။လမ်းတွေအထိတက်တယ်။ မိုးက သည်းသည်းမည်းမည်း ထပ်ရွာလိုက်ရင် ဒီထက်ရေပိုဝင်မှာ ” လို့ ဒေါပုံမြို့နယ်မှာနေထိုင်တဲ့ မသီရိသက်နှင်းက ပြောပါတယ်။

အဲ့ဒီလို ထူးကဲဒီရေတက်တာကိုဒလ၊ ဒေါပုံ၊ပုစွန်တောင်၊သုဝဏ္ဏ အပါအဝင်မြစ်နဲ့ နီးတဲ့ ရန်ကုန်က ရပ်ကွက်တော်တော်များများ ကြုံတွေ့နေတာဖြစ်ပါတယ်။

ထူးကဲဒီရေတက်ချိန်မှာ မိုးသည်းထန်စွာရွာသွန်းချိန်နဲ့တိုက်ဆိုင်ရင် အနိမ့်ပိုင်းနေရာတွေမှာ ရေကြီးနိုင်တာကြောင့် သတိပြုဖို့ ထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်။

ဒလမြို့နယ်က မြေနိမ့်ပိုင်းရပ်ကွက်တွေနဲ့ မြစ်ချောင်းကမ်းဘေးနေရာတွေမှာ ကြိုတင်ပြင်ဆင်နိုင်ဖို့ လူမှုဝန်ထမ်းက ဆောင်ရန်ရှောင်ရန် အချက်တွေကိုလည်း ဖြန့်ဝေထားတာဖြစ်ပါတယ်။

ဇူလိုင်လအတွင်းကလည်း မြန်မာနိုင်ငံအနှံ့မှာ ရေကြီးရေလျှံမှုေတွေကို ကြုံတွေ့နေရတာဖြစ်ပြီးတော့ တနသာၤရီတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်တို့မှာ ရေဘေးဒဏ်ကို အများဆုံးခံစားခဲ့ရတာလည်းဖြစ်ပါတယ်။  

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က