သေနတ်သမားကို ရပ်ကွက်နေလူတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့တာပါ။

မန္တလေးမြို့မှာ ဆိုင်ကယ်စီးလာသူ အမျိုးသား ၂ ဦးကနေ အခြားဆိုင်ကယ်ပေါ်က အမျိုးသားတစ်ဦးနဲ့ အမျိုးသမီး တစ်ဦးကို သေနတ်နဲ့ ၃ ချက်ပစ်ခတ်ခဲ့တယ်လို့ အောင်ပင်လယ်ရဲစခန်းတာဝန်ကျရဲအရာရှိက Duwun ကို အတည်ပြုပြောပါတယ်။



39059807_2162727227320758_3983759549189324800_n.jpg

Photo - Myo Thein Naing

 

မန္တလေးမြို့ ၅၅ လမ်း မနော်ဟရီနဲ့ မြတ်လေးကြားမှာ သြဂုတ်လ ၁၃ ရက်မနက် ၁၁ နာရီလောက်က ဖြစ်ပွားခဲ့ပြီး ပစ်ခတ်တဲ့သူကို ရပ်ကွက်နေလူတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ထိမှန်သွားပြီး ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့သိရပါတယ်။

“သေနတ်နဲ့ ပစ်ခတ်မှုဖြစ်ပွားတာကတော့ အတည်ပြုပါတယ်။ ကျန်တာက စစ်ဆေးဆဲဖြစ်ပါတယ်။ ဒဏ်ရာရသွားတဲ့ မိန်းကလေးက ဆေးရုံမှာ ရောက်နေတယ်လို့ ကြားတယ်” အောင်ပင်လယ်ရဲစခန်း က ရဲအရာရှိကပြောပါတယ်။

Photo - Myo Thein Naing

လက်ရှိတော့ တစ်ဦးကို ဖမ်းဆီးရမိထားပြီး ပစ်စတို ကျည်အိမ်တွေကို ရဲတပ်ဖွဲ့က သက်သေအဖြစ် ရယူထားတယ်လို့ သိရပါတယ်။ ပစ်ခတ်ခံရတဲ့အမျိုးသမီးကိုတော့ ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ပေးခဲ့တဲ့ ချမ်းမြသီတာာ လူမှုကူညီရေးအသင်းက Duwun မီဒီယာကို ပြောပါတယ်။

Photo - Myo Thein Naing

“ဆိုင်ကယ်ပေါ်ကနေ လူငယ်နှစ်ယောက်ကနေ ပစ်သွားတာ။ ချစ်သူရည်းစားကို ကောင်လေးကနေ စိတ်နာလို့ ပစ်သွားတာလို့ ပြောတာပဲ။ ကျွန်တော်တို့လည်း သေနတ်သံကြားလိုက်ရတယ်။ အခုတော့ ဆေးရုံကို သွားပို့ထားတယ်” လို့ ပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က