ိဲမြန်မာတစ်နိုုင်ငံလုံးက ကျန်းမာရေးအခြေအနေတွေကို သိရမှာပါ။

မြန်မာတစ်နိုင်ငံလုံးရဲ့ အာဟာရအခြေအနေအပါအဝင် အစာစားသုံးမှု အခြေအနေကို သိရမယ့် မြန်မာနိုင်ငံအဏုအာဟာရနဲ့ အစာစားသုံးမှုအခြေအနေစစ်တမ်းကို ၂၀၁၈ နှောင်းပိုင်းမှာ ထုတ်ပြန်သွားမှာဖြစ်တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အာဟာရဌာနက ဒုတိယညွှန်ကြားရေးမှူးဒေါက်တာလွင်မာလှိုင်က ပြောကြားလိုက်ပါတယ်။



39071439_565437047228533_5787470686217830400_n.jpg 

“အခု ၁၇- ၁၈ မှာလုပ်တဲ့စစ်တမ်းကကျတော့ အနုအာဟာရ သီးသန့်ပဲ။ သံဓါတ်အခြေအနေတွေမှာဆို သွေးဖောက်ပြီးတော့ သံဓာတ်ချို့တဲ့တဲ့ သွေးဖောက်ပြီး သံဓာတ်ချို့တဲ့တဲ့အခြေအနေတွေ၊ ပြီးရင်သွေးအားနည်းရတဲ့ အကြောင်းရင်းတွေအထိပါလိုက်ထားတာ။ သံဓတ်ဘယ်လောက်ချို့တဲ့တာ၊ဗီတာမင်အေ ဘယ်လောက်ချို့တဲ့တာကအစ အကုန်ပါတာ။ အသက်ငါးနှစ်အောက်ကလေးကော၊ကျောင်းနေအရွယ်ကလေးကော၊ ပျိုဖော်ဝင်အရွယ်မိန်းကလေးတွေကော၊ အမျိုးသား၊ အမျိုးသမီး ကိုယ်ဝန်ဆောင်မိခင်တွေအပါအဝင် Target Group 7 ခုနဲ့မေးတယ်။မေးခွန်းမေးတာက သူတို့ အစာစားတဲ့ပုံစံတွေကိုမေးထားတယ်။ကိုယ်အလေးချိန်နဲ့ အရပ်ယူတယ်။သွေးဖောက်တယ်။ဆီးစစ်တယ်။ ကလေးတွေနဲ့ ကိုယ်ဝန်ဆောင်တွေကို ဝမ်းနမူနာယူတယ်။သန်ကောင်ရောဂါတွေပါ တစ်နိုင်ငံလုံးအတိုင်းအတာအထိစစ်ဆေးတယ် “ လို့ သူက ပြောပါတယ်။

မေးမြန်းရာမှာ Target အုပ်စု ၇ စုနဲ့ မေးတာဖြစ်ပြီးတော့ ကနဦးရရှိတဲ့ သံဓါတ်ချို့ယွင်းမှုအခြေအနေ၊ သွေးအားနည်းရတဲ့အကြောင်းရင်းစတာတွေကိုတော့ ဒီနှစ်ကုန်မှာ ထုတ်ပြန်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ကျန်ရှိတဲ့ ဓါတ်ခွဲခန်းရလာဒ်တွေကိုတော့ နောက်နှစ်အလယ်လောက်မှာ ထုတ်ပြန်နိုင်ဖို့ မျှော်မှန်းထားတာဖြစ်ပြီးတော့ အဲ့ဒီရလာဒ်တွေက သုတေသနတစ်ခုတည်းတင်မဟုတ်ဘဲ ကျန်းမာရေးနဲ့ ပါတ်သတ်တဲ့စီမံံကိန်းတွေကိုပါ ပြုပြင်ရေးဆွဲနိုင်တဲ့အထိရည်ရွယ်တာဖြစ်တယ်လို့ သိရပါတယ်။

ထုတ်ပြန်မယ့် စစ်တမ်းအရ မြန်မာနိုင်ငံက လူတွေရဲ့ သွေးအားနည်းခြင်းရှိမရှိအခြေအနေ၊ အရပ်အတိုင်းအတာာ၊ကိုယ်အလေးချိန်အပါအဝင် ကလေးတွေရဲ့ အစာကျွေးတဲ့ပုံစံကို သိရမှာဖြစ်တယ်လို့ သိရပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာအရ အဲ့ဒီစစ်တမ်းကို ကောက်ယူတာဖြစ်ပြီးတော့ လူပေါင်းနှစ်သောင်းကျော်ကို ကောက်ခံထားတာဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က