ဒီနေ့ညနေ ၅ နာရီ ၂၀ မှာကွယ်လွယ်ခဲ့တာပါ။

၈၈ မျိုးဆက်မှာပါဝင်တဲ့ မမီးမီးက ဒီနေ့ ညနေ မှာ ယာဉ်တိမ်းမှောက်မှုဖြစ်ရာကနေ ငါးနာရီ မိနစ် နှစ်ဆယ်မှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။

mee mee fb.jpg

ကွယ်လွန်သွားခဲ့သူ မမီးမီး

 

“ မီးမီးဆုံးပြီ ” ဆိုပြီးတော့ ၈၈မျိုးဆက်က ကိုမြအေးက လူမှုကွန်ရက်မှာ အတည်ပြုရေးသားထားပါတယ်။ မမီးမီးအပါအဝင် ၈၈ ငြိမ်း/ပွင့်က အဖွဲ့သား တွေဖြစ်တဲ့ မနီလာသိန်း၊ မခက် ကိုဇော်ဝင်းမောင်တို့လိုက်ပါလာတဲ့ ရုံးကားက ကျောင်းကုန်းမြို့နယ်မှာ ယာဉ်တိမ်းမှောက်ခဲ့ပါတယ်။

ယာဉ်မတော်တဆမှုကြောင့် ဒဏ်ရာ အခြေအနေပြင်းထန်ပြီး ဆေးရုံကို တင်ပို့ရာမှာ ကွယ်လွန်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အတူပါဝင်ခဲ့တဲ့ သူတွေကတော့ စိုးရိမ်ရတဲ့အခြေအနေမှာမရှိဘူးလို့ သိရပါတယ်။

သေဆုံးမှုကိုတော့ ၈၈ မျိုးဆက်က အဖွဲ့တွေအပါအဝင် နိုင်ငံရေးအသိုင်းအဝိုင်းက မိတ်ဆွေတွေကလည်း စိတ်မကောင်းကြောင်းရေးသားထားကြပါတယ်။

မမီးမီးက ၈၈အရေးအခင်းအပါအဝင် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာလည်း ဦးဆောင်ပါဝင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။

Share

Loading Next Article...
က္က