ဗဟိုဘဏ်ရဲ့ ရည်ညွှန်းငွေလဲနှုန်းရဲ့ အပေါင်း ဝ.၈ နဲ့ အနှုတ် ဝ.၈ ဘောင်ထဲကအရောင်းအဝယ်ကိုဖျက်သိမ်းလိုက်တာပါ။

ပြည်တွင်းမှာ ဒေါ်လာ ငွေ ရောင်းဝယ်ရာမှာ ဗဟိုဘဏ်ကနေ သတ်မှတ်ထားတဲ့ ငွေလဲနှုန်း ၀ ဒသမ ၈ ရာခိုင်နှုန်း အတိုးအလျော့ဘောင်အတွင်း ကနေ ရောင်းရမယ် ဆိုတဲ့ ညွှန်ကြားချက်ကို ဗဟိုဘဏ်ကနေ သြဂုတ် ၁၃ ရက်နေ့နေ့စွဲနဲ့ ပယ်ဖျက်လိုက်ပြီဖြစ်ပါတယ်။

A-man-counts-US-dollars-and-Myanmar-kyats-at-a-money-changer-in-Yangon-copy.jpg

Photo - MBT

 

ဗဟိုဘဏ်ရဲ့ ရည်ညွှန်းချက်စာနဲ့ ထုတ်ပြန်တာဖြစ်ပြီးတော့ ဗဟိုဘဏ်ရဲ့ သတ်မှတ်ချက် (ရည်ညွှန်းငွေ လဲလှယ်နှုန်း အတိုးအလျော့ ၀ ဒသမ ၈ ရာခိုင်နှုန်းဘောင်အတွင်းက ရောင်းရမယ်ဆိုတာကို ညွှန်ကြားခဲ့တာကို စာထုတ်ပြီး ပယ်ဖျက်လိုက်တာပါ။

“ဗဟိုဘဏ်က အရင်နေဆိုရင် အညွှန်းကိန်းတစ်ခုကြေငြာတယ်။ အဲ့ဒါကိုမူတည်ပြီးတော့ ဘဏ်တွေကနေ အရောင်းအဝယ်လုပ်ရတာပေါ့။ အပြင်ဈေးကွက်အတိုင်းလွတ်လွတ်လပ်လပ်ရောင်းခိုင်းတာ။ အပြင်ဈေးကွက်တွေတက်နေ၊ ကျနေတာကို ဘဏ်တွေက လိုက်တက်၊လိုက်ချမရတော့ အတားအဆီးဖြစ်နေတာ။ဘောင်ထဲကနေ နေရတော့တစ်နေကုန်ဈေးအတက်အကျ ကို ဗဟိုဘဏ်က မသိနိုင်တော့ ဘဏ်တွေကို လွတ်လွတ်လပ်လပ်လုပ်ခိုင်းလိုက်တော့ ဘဏ်တွေကြားထဲ အပြိုင်အဆိုင်ဖြစ်လာတာပေါ့။ ဒါက ဒေါ်လာဈေးကျအောင်လုပ်မယ့် ဗဟိုဘဏ်ရဲ့ နည်းလမ်းတွေထဲက တစ်ခုဖြစ်မှာပေါ့” လို့ ဘဏ်လုပ်ငန်းအကြံပေး ဖြစ်သူ ဦးရဲမင်းဦးက Duwun ကို ပြောပါတယ်။

အဲ့ဒီထုတ်ပြန်ချက်ကို ဒေါ်လာ အရောင်းအဝယ်လုပ်နေတဲ့ လိုင်စင်ရ ဘဏ်တွေနဲ့ ငွေအလဲအလှယ်ပြုလုပ်နေတဲ့ Money changer တွေအားလုံးကို ဖြန့်ဝေထားပါတယ်။

အမေရိကန်ဒေါ်လာဈေးနှုန်းက ပြည်တွင်းဈေးကွက်မှာ မြင့်တက်လာတာက ဇူလိုင်လအတွင်းကနေ မြင့်တက်လာတာဖြစ်ပြီးတော့ လက်ရှိမှာ ၁၄၇၃ ကျပ် အဝယ်ဈေးနဲ့ အရောင်းဈေးက ၁၄၇၇ ကျပ်အထိ ပေါက်ဈေးနဲ့ ပြင်ပဈေးကွက်မှာ အရောင်းအဝယ်ဖြစ်နေတာပါ။

ဗဟိုဘဏ်က သြဂုတ်လ ၁၄ ရက်ကသတ်မှတ်ထားတဲ့ ဈေးကတော့ ၁၄၆၀ ကျပ်နှုန်းနဲ့ ပေါက်ဈေး သတ်မှတ်ထားတာလည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က