မြန်မာနိုင်ငံမှာ ကုမ္ပဏီအချို့ဟာ ဖြည့်စွက်စာတွေကို ဆေးဆိုပြီးရောင်းချမှုတွေအများကြီးရှိနေပါတယ်။

ဖြည့်စွက်စာတွေကို ရောဂါ ပျောက်ကင်းတယ်ဆိုပြီး ရောင်းချခြင်းမပြုဖို့ အပါအဝင် သွင်းကုန်လိုင်စင်လျှောက်ထားဖို့ စည်းကမ်းချက်တွေကို FDA က ထုတ်ပြန်လိုက်ပါတယ်။

11951405_1221170254575357_2907886008774982202_n.jpg 

ဖြည့်စွက်စာတွေဟာ ကျန်းမာရေးအထောက်အကူပြုတဲ့ အစားအသောက်တွေဖြစ်တဲ့ အတွက် ရောဂါအခြေအနေကို ကုသပျောက်ကင်းသက်သာစေတယ်ဆိုပြီး ကြော်ငြာရောင်းချခြင်းမလုပ်ဖို့ ညွှန်ကြားထားတာဖြစ်ပါတယ်။ စည်းကမ်းချက်တွေကို မလိုက်နာရင် ဥပဒေအေရ အရေးယူမယ်လို့ ကြေညာထားတာဖြစ်ပါတယ်။

ဒါ့အပြင် သွင်းကုန်လိုင်စင်လျှောက်ရာမှာ သွင်းကုန်ထောက်ခံချက် ရည်ညွှန်းစာအမှတ်က ထောက်ခံတဲ့ပစ္စည်းရဲ့ မှတ်ပုံတင်မဟုတ်တာကြောင့်ထင်ယောင်ထင်မှား ဖြစ်အောင် ဖော်ပြခြင်းမပြုရန်၊ ရည်ညွှန်းကုန်ပစ္စည်းရဲ့ ဘေးအန္တရာယ်ကင်းရှင်းမှုနဲ့ အာနိသင်ထိရောက်မှုကို အလုံးစုံ အာမခံပေးတာမဟုတ်တဲ့အတွက် ထင်မှတ်စေတဲ့ ရေးသားချက် ၊ ဖော်ပြချက်တွေမပြုလုပ်ရန်ဆိုပြီး ညွှန်ကြားထားတာပါ။

ဒါ့အပြင် ဖြည့်စွက်စွာ ရောင်းချရာမျာ အသုံးပြုမယ့် ကြော်ငြာ (လက်ကမ်းစာစောင်၊လူမှုကွန်ရက်အမျိုးမျိုး) တွေမှာ FDA ဌာန မှာ ခွင်ပြုချက်ယူဖို့နဲ့ ခွင့်ပြုတဲ့ ကြော်ငြာကိုပဲအသုံးပြုဖို့၊ ဖြည့်စွက်စာ တင်သွင်းရာမှာ သွင်းကုန်လိုင်စင်ထောက်ခံချက်နဲ့ သွင်းကုန်ကျန်းမာရေးထောက်ခံချက်ကို မဖြစ်မနေ လျှောက်ထားရမယ်လို့ ညွှန်ကြားထားတာဖြစ်ပါတယ်။

ဒီလို ဖြည့််စွက်စာတွေကို ဆေးဆိုပြီးရောင်းချမှုတွေဟာ Multi Level Marketing လို့ခေါ်တဲ့ MLM အဖွဲ့တွေမှာ ရောင်းချမှုအများဆုံးဖြစ်ပါတယ်။

Share

Loading Next Article...
က္က