သုံးရက်အပြီးမှာ ပြန်ပြီးအင်အားလျော့နိုင်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံက တိုင်းနဲ့ ပြည်နယ် ၇ ခု မှာမိုးကောင်းနိုင်ပြီးတော့ မုန်တိုင်းငယ်တစ်ခုဖြစ်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက Duwun ကို ပြောပါတယ်။



37997487_1117023715113919_4412392943118188544_n.jpg

ဇူလိုင်လအတွင်းဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုတစ်ခု

 

“ရန်ကုန်အပါအဝင် မြို့ကြီးတွေမှာ ပင်လယ်ရေ တက်နေတယ်။ေနောက်ပြီးတော့ မုန်တိုင်းငယ်တစ်ခုဖြစ်နိုင်တယ်။ အိန္ဒိယကို ဗဟိုပြု ဝင်ရောက်မှာဖြစ်တာကြောင့် ရခိုင်ကမ်းရိုးတန်းအနီးမှာနေတဲ့သူတွေ သတိပြုဖို့ လိုတယ်။ကမ်းနီး၊ကမ်းဝေးငါးဖမ်းရေယာဉ်တွေကိုလည်း သတိပေးချက်ထုတ်ထားပါတယ်” လို့ ဦးကျော်မိုးဦးက Duwun ကို ပြောပါတယ်။

မုန်တိုင်းငယ်က သြဂုတ်လ ၁၅ ရက်ဝန်းကျင်မှာ စတင်ဝင်ရောက်နိုင်ပြီးတော့ သုံးရက်အပြီးမှာ ပြန်ပြီးအင်အားလျော့နိုင်တယ်လို့ ဆိုပါတယ်။

ဇူလိုင်လအတွင်းဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုတစ်ခု

 

လက်ရှိမှာ ပင်လယ်ရေမြင့်တက်နေတာကြောင့် ပဲခူး၊သံလွင်၊စစ်တောင်းနဲ့ ဘီးလင်းမြစ်ရေတို့ မြင့်တက်နေပြီး ရေဘေးကို ပြည်သူတွေ ကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် ကချင်၊ပဲခူး၊ရန်ကုန်၊ဧရာဝတီ၊မကွေး၊ မန္တလေးနဲ့ စစ်ကိုင်းတို့မှာလည်း မိုးကောင်းနိုင်မှာဖြစ်တာကြောင့် ရေဘေးကို သတိပြုဖို့အတွက် မိုးလေဝသသတိပေးချက်အဖြစ် ထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က