ဗဟိုဘဏ်ရဲ့ ညွှန့်ကြားစာ ထွက်အပြီးမှာ ဖြစ်ပေါ်နေတာပါ။

ပြည်တွင်းမှာ ဒေါ်လာ ငွေ ရောင်းဝယ်ရာမှာ ဗဟိုဘဏ်ကနေ သတ်မှတ်ထားတဲ့ ငွေလဲနှုန်း ၀ ဒသမ ၈ ရာခိုင်နှုန်း အတိုးအလျော့ဘောင်အတွင်း ကနေ ရောင်းရမယ် ဆိုတဲ့ ညွှန်ကြားချက်ကို ဗဟိုဘဏ်က ပယ်ဖျက်လိုက်ပြီးနောက် သြဂုတ်လ ၁၄ ရက်နေ့မှာတော့ ဒေါ်လာငွေလဲလှယ်နှုန်းဟာ တစ်နာရီခြားကို ၂ ကျပ်နှုန်းနဲ့ တက်နေတာကိုတွေ့ရပါတယ်။

Dollar.PNG

Photo - www.xe.com

 

ဗဟိုဘဏ်ရဲ့ ရည်ညွှန်းချက်စာနဲ့ ထုတ်ပြန်တာဖြစ်ပြီးတော့ ဗဟိုဘဏ်ရဲ့ သတ်မှတ်ချက် (ရည်ညွှန်းငွေ လဲလှယ်နှုန်း အတိုးအလျော့ ၀ ဒသမ ၈ ရာခိုင်နှုန်းဘောင်အတွင်းက ရောင်းရမယ်ဆိုတာကို ညွှန်ကြားခဲ့တာကို စာထုတ်ပြီး ပယ်ဖျက်လိုက်ပြီးနောက် လွတ်လပ်စွာ ရောင်းဝယ်ခွင့်ရှိသွားတဲ့ အခြေအနေလည်းဖြစ်ပါတယ်။

အမေရိကန်ဒေါ်လာဈေးနှုန်းက ပြည်တွင်းဈေးကွက်မှာ သြဂုတ်လ ၁၄ ရက်နေ့ မနက်ပိုင်းက ၁၄၇၃ ကျပ် အဝယ်ဈေးနဲ့ အရောင်းဈေးက ၁၄၇၇ ကျပ်အထိ ပေါက်ဈေးနဲ့ ပြင်ပဈေးကွက်မှာ အရောင်းအဝယ်ဖြစ်နေပေမယ့် သြဂုတ်လ ၁၄ ရက်နေ့ ညနေပိုင်းမှာပဲ တစ်ဒေါ်လာကို ၁၄၈၂ ကျပ်အထိတက်သွားပါတယ်။

ဗဟိုဘဏ်က သြဂုတ်လ ၁၄ ရက်ကသတ်မှတ်ထားတဲ့ ဈေးကတော့ ၁၄၆၀ ကျပ်နှုန်းနဲ့ ပေါက်ဈေး သတ်မှတ်ထားတာလည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က