မကြာခင်မှာ ရွှေ့ပြောင်းမယ်လို့ ပြောပါတယ်။

ရန်ကုန်က လူသွားပလက်ဖောင်းတွေမှာ ကြော်ငြာဘုတ်တွေ စိုက်ထားတာကို ဖယ်ရှားပေးမယ်လို့ မြို့တော်ဝန်က ပြောကြားလိုက်တယ်လို့ မင်္ဂလာတောင်ညွှန့်မြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က Duwun ကိုပြောပါတယ်။

38907298_10156477485328286_7790254699877236736_n.jpg

Photo - May Zin

 

ရန်ကုန်မြို့က အင်းလျားကန်ပေါင်မှတ်တိုင်နဲ့ မာလာမှတ်တိုင်ကြားနဲ့ လွှတ်တော်ရုံးရှေ့လမ်းဘေးပလက်ဖောင်းတွေ မှာဆိုင်းဘုတ်တွေစိုက်ထားတာက လူမှုကွန်ယက်ပေါ်မှာ ဝေဖန်မှုတွေ များပြားလာပြီးတဲ့နောက်မှာ အခုလိုမျိုး မြို့တော်ဝန်ဆီ အသိပေးအကြောင်းကြားခဲ့တာဖြစ်တယ်လို့ လည်း သိရပါတယ်။

“ကျွန်တော်ကိုယ်တိုင် အဲ့ဒီနေရာတွေကိုသွားကြည့်တယ်။ ဓါတ်ပုံရိုက်ပြီး မြို့တော်ဝန်ကို အကြောင်းကြားတော့ သူလည်း မသိဘူးပြောတယ်။ မဖြစ်သင့်ဘူးလည်းပြောပါတယ်။ ဒါပေမယ့်ဒီဟာကိုတော့ အမြန်ဖယ်ခိုင်းမယ်ဆိုပြီးတော့လည်း ကျွန်တော့်ကို ပြောပါတယ်။ ဒီဟာကလည်း ဘယ်လိုမှမဖြစ်သင့်ဘူးဆိုတာကို ကျွန်တော်သူ့ကို ပြောပါတယ်။ ဒီလိုအလေ့အထမျိုးတွေမဖြစ်သင့်တော့ဘူး။လုပ်ငန်းရှင်ဘက်ကတော့ စီးပွားရေးအမြင်အရလုပ်ပေမယ့် တာဝန်ရှိသူတွေက လုပ်သင့်လားမလုပ်သင့်လားဆိုတာ ကြည့်ရမှာပဲလေ။ မြို့တော်ဝန်ကလည်း ဒါကို ပြောင်းပြီး ပြန်စိုက်ခိုင်းမယ်လို့ ပြောပါတယ်။ ” လို့ မင်္ဂလာတောင်ညွန့်မြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က ပြောပါတယ်။

ဒီလိုလူသွားလမ်းတွေပေါ်မှာ ကြော်ငြာဆိုင်းဘုတ်တွေစိုက်ထူထားတာက အများပြည်သူလမ်းသွားလမ်းလာပြုနေရတဲ့ ပလက်ဖောင်းပေါ်မှာ အနှောင့်အယှက်ဖြစ်နေတယ်ဆိုပြီးတော့ လူမှုကွန်ယက်အပေါ်မှာာ ဝေဖန်ထောက်ပြနေကြတာလည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က