မန္တလေးမှာ သြဂုတ်လ ၁၄ ရက်နေ့ ညနေမှာ ဖမ်းဆီးခံခဲ့ရပါတယ်။

မန္တလေးရှိ တည်းခိုခန်းတစ်ခုမှာ အဆိုတော်ရသနဲ့ တခြား ၂ ဦးကို ရဲတပ်ဖွဲ့က သတင်းအရ သွားရောက်ရှာဖွေခဲ့ရာ မူးယစ်ဆေးပြား ၁၀၀၀ နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

39213538_444051056091314_8520066808512774144_n.jpg

Photo _ Myanmar Police Force

 

အဆိုတော်ရသအပါအဝင် ၃ဦးကို မူးယစ်မှုနဲ့ မန္တလေးရဲက မန္တလေးမှာ သြဂုတ်လ ၁၄ ရက်နေ့ ညနေ ၃နာရီခွဲခန့်က ဖမ်းဆီးလိုက်ပါတယ်။

ရသဟာ ချမ်းမြသာစည်မြို့နယ်ထဲက အအေးခန်းဧည့်ရိပ်သာ တစ်ခုမှာ မူးယစ်ဆေးတွေနဲ့အတူ ရောက်လာတယ်ဆိုတဲ့ သတင်းအရ ရဲက စစ်ဆေးရှာဖွေရင်းသက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တာပါ။

မူးယစ်ဆေးပြား ၁၀၀၀ကျော်နဲ့ မူးယစ်ဆေးသုံး ပစ္စည်းတွေနဲ့ အတူဖြစ်တယ်လို့ သိရပါတယ်။

ယင်းသတင်းမှန်ကန်ကြောင်း အောင်ပင်လယ်ရဲစခန်းက ဟုတ်မှန်ကြောင်းအတည်ပြုပေးပြီး သူတို့ ၃ ဦးကို  မယ ၁၁/၂၀၁၈ ၁၉(က)/၂၁ နဲ့ ဖမ်းဆီးစစ်ဆေးနေပါတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက အဆိုတော် ရွှေထိုက်ကိုလည်း မူးယစ်မှုနဲ့ ရဲက ဖမ်းဆီးခဲ့ပါသေးတယ်။

Share

Loading Next Article...
က္က