ခရီးစဉ်နဲ့ အတူပါလာတဲ သမ္မတရုံးက တိုင်ကြားစာလက်ခံရေးအဖွဲ့ကို ပေးအပ်ဖို့တိုက်တွန်းထားပါတယ်။

နိုင်ငံတော်အကြီးအကဲတွေရဲ့ ပြည်တွင်းခရီးစဉ်တွေမှာ ပြည်သူတွေရဲ့ နစ်နာချက်၊တိုင်ကြားချက်တွေနဲ့ အကြံပြုချက်တွေကို ရေးသားတင်ပြထားတဲ့ စာာတွေကို အကြီးအကဲတွေဆီကို ကိုယ်တိုင်ပေးအပ်တာတွေ၊ စာတွေ၊ပစ္စည်းတွေကို ပစ်ပေးတာတွေကို ပြုလုပ်ကြတာက လုံခြုံရေးအတွက် စိုးရိမ်ရတာကြောင့် တိုင်ကြားစာလက်ခံတဲ့အဖွဲ့ကို တိုက်ရိုက်ပေးဖို့ အတွက် သမ္မတရုံးကနေပြီးတော့ သြဂုတ်လ ၁၅ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

Photo _ နိုင်ငံတော်၏အတိုင်ပင်ခံရုံး

နိုင်ငံ့အကြီးအကဲတွေရဲ့ ခရီးစဉ်တွေမှာာ ပြည်သူက တင်ပြချင်တဲ့စာတွေ၊ တင်ပြချက်တွေကို ခရီးစဉ်နဲ့ အတူပါလာတဲ သမ္မတရုံးက တိုင်ကြားစာလက်ခံရေးအဖွဲ့ကို ပေးအပ်ဖို့နဲ့ အဲ့ဒီအဖွဲ့ကနေပြီးတော့ တင်ပြစာတွေ၊တိုင်စာတွေကို စနစ်တကျမှတ်ပုံတင်သွင်းပြီးတော့မှ နိုင်ငံတော်အကြီးအကဲတွေဆီတင်ပြဖို့အတွက် ဆောင်ရွက်သွာမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ခရီးစဉ်တွေမှာ ပြည်သူရဲ့ နစ်စာတိုင်ကြားစာတွေကို တင်ပြထားတာတွေကို နိုင်ငံတော်အကြီးအကဲတွေဆီကို ပေဖို့ အခွင့်မသာတဲ့အခါမှာ ပစ်ပေးတာမျိုးတွေပြုလုပ်တာက အကြီးအကဲတွေရဲ့ လုံခြုံရေးအတွက် စိုးရိမ်ရတယ်ဆိုပြီးတော့ ဝေဖန်မှုတွေဖြစလာတယ်ဆိုပြီးတော့ ထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်။

ပြည်သူတွေရဲ့တင်ပြစာ၊တိုင်ကြားစာတွေကို နိုင်ငံတော်သမ္မတ ရုံးတိုင်ကြားစာဌာန (၀၆၇-၃၄၀၉၁၁၇) ကနေမှတ်တမ်းရေးပြီးတော့ ခိုင်လုံမှုရှိမရှိစစ်ဆေးပြီး လက်ခံရရှိကြောင်းပြန်ကြားတာနဲ့သက်ဆိုငတဲ့ ဌာနတွေဆီကို ပြန်ပေးပြီး ဖြေရှင်းဆောင်ရွက်စေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဌာနတွေရဲ့ ဖြေရှင်းပေးတဲ့အခြေအနေတွေ ကို ပြည်သူတွေကို အအကြောင်းပြန်ပေးတာတွေကိုလည်း ဆောင်ရွက်ပေးနေတာကြောင့် ပြည်သူတွေအနေနဲ့ ပူးပေါင်းဆောင်ရွက်ပေးစေချင်တယ်ဆိုပြီး ထုတ်ပြန်ထားတာပါ။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ဒေသခံပြည်သူတွေရဲ့စကားဝိုင်းပြုလုပ်ခဲ့ပခုက္ကူခရီးစဉ်အပါအဝင် ပြည်တွင်းခရီးစဉ်အချို့မှာ အတိုင်ပင်ခံပုဂ္ဂိုလ်ဆီကို စာပေးဖို့ ကြိုးစားတာ၊ လုံခြုံရေးအတားအဆီးတွေကြားထဲကနေ အထုတ်တွေပစ်ပေးတဲ့ အဖြစ်အပျက်မျိုးတွေ ရှိလာခဲ့ပြီးတဲ့နောက်မှာ အခုလိုကြေငြာချက်ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က