စံချိန်တင်မြင့်တက်မှုတွေဖြစ်နေတာပါ။

ပြည်တွင်းမှာ ဒေါ်လာ ငွေ ရောင်းဝယ်ရာမှာ တစ်ဒေါ်လာ ရဲ့ ဈေးနှုန်းဟာ ၁၅၀၀ ကျပ်ကို စံချိန်တင်ကျော်လွန်သွားပြီလို့ ပြည်တွင်းတွင်းဒေါ်လာအရောင်းအဝယ်ဈေးကွက်ကနေသိရပါတယ်။

ပြည်တွင်းဘဏ်များ၏ ငွေလဲနှုန်းထားများ

 

အမေရိကန်ဒေါ်လာဈေးနှုန်းက ပြည်တွင်းဈေးကွက်မှာ သြဂုတ်လ ၁၄ ရက်နေ့ ညနေပိုင်းမှာ တစ်ဒေါ်လာကို ၁၄၈၂ ကျပ်အထိတက်လာခဲ့ပြီး သြဂုတ်လ ၁၅ ရက်နေ့မှာတော့ တစ်ဒေါ်လာရဲ့ ငွေလဲနှုန်းဟာ ၁၅၀၁ ကျပ်အထိရောက်ရှိသွားတာဖြစ်ပါတယ်။

ဗဟိုဘဏ်ကနေ သတ်မှတ်ထားတဲ့ ငွေလဲနှုန်း ၀ ဒသမ ၈ ရာခိုင်နှုန်း အတိုးအလျော့ဘောင်အတွင်း ကနေ ရောင်းရမယ် ဆိုတဲ့ ညွှန်ကြားချက်ကို ဗဟိုဘဏ်က ပယ်ဖျက်လိုက်ပြီးနောက် သြဂုတ်လ ၁၄ ရက် နဲ့ ၁၅ ရက်နေ့မှာတော့ ဒေါ်လာငွေလဲလှယ်နှုန်းဟာ တစ်နာရီခြားကို ၂ ကျပ်နှုန်းနဲ့ တက်နေတာကိုတွေ့ရပါတယ်။

ဗဟိုဘဏ်ရဲ့ ရည်ညွှန်းချက်စာနဲ့ ထုတ်ပြန်တာဖြစ်ပြီးတော့ ဗဟိုဘဏ်ရဲ့ သတ်မှတ်ချက် (ရည်ညွှန်းငွေ လဲလှယ်နှုန်း အတိုးအလျော့ ၀ ဒသမ ၈ ရာခိုင်နှုန်းဘောင်အတွင်းက ရောင်းရမယ်ဆိုတာကို ညွှန်ကြားခဲ့တာကို စာထုတ်ပြီး ပယ်ဖျက်လိုက်ပြီးနောက် လွတ်လပ်စွာ ရောင်းဝယ်ခွင့်ရှိသွားတဲ့ အခြေအနေလည်းဖြစ်ပါတယ်။

ဗဟိုဘဏ်က သြဂုတ်လ ၁၅ ရက်ကသတ်မှတ်ထားတဲ့ ဈေးကတော့ ၁၄၇၅ ကျပ်နှုန်းနဲ့ ပေါက်ဈေး သတ်မှတ်ထားတာလည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က