ပုဂ္ဂလိက ကုမ္ပဏီနှစ်ခုကနေ ဆောင်ရွက်နေတာပါ။

ရန်ကုန်က မြို့ပတ်ရထားလမ်းတွေနဲ့ ဆင်ခြေဖုံးရထားလမ်းပိုင်းတွေကို ၂ နှစ်စီမံကိန်းနဲ့ အဆင့်မြှင့်တင်နေတာဖြစ်ပြီးတော့ ရန်ကုန်အနောက်ဘက်အခြမ်းရထားလမ်းပိုင်းနဲ့ အရှေ့ဘက်ခြမ်းအပိုင်းဆိုပြီး နှစ်စ်ပိုင်း ခွဲပြီးအဆင့်မြှင့်တင်နေတာဖြစ်တယ်လို့ မြန်မာ့မီးရထားလုပ်ငန်းက အထွေထွေမန်နေဂျာ ဦးဘမြင့်က Duwun ကိုပြောပါတယ်။



12038275_780646328729902_6819782988023480230_n.jpg

ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့် မြို့ပတ်ရထားတစ်စင်းအားတွေ့ရစဉ်

 

“ရန်ကုန်မှာ မြို့ပတ်ရထားခရီးစဉ်က တင်ဒါခေါ်တာပါ။ အရှေ့ဘက်ခြမ်းက ရွှေတောင်။အနောက်ဘက်က အေဝမ်း။လုပ်ငန်းက ၂ နှစ်နှစ်လုပ်ရမှာပါ။ မိုးရာသီ ချန်ပြီးတွက်ထားတာပေါ့ ။ အပိုင်းတွေကဆိုရင် ဒညင်းကုန်းဝ-အင်းစိန်၊ အင်းစိန်-ကမာရွတ်၊ကမာရွတ်- ဘူတာကြီး အထိတစ်ပိုင်း အားလုံးပေါင်း ၂ နှစ်ကြာမယ်။ အကြမ်းဖျင်း နှစ်နှစ်လောက်မှာ လုပ်ငန်းစနေတာက ၃ ၄ လလောက်ရှိပြီ။” လို့ ပြောပါတယ်။

ရန်ကုန်အနောက်ဘက်ခြမ်းသံလမ်းအရှည်မိုင် ၃ ဒသမ ၇၅ မိုင်ရှိတဲ့ဒညင်းကုန်း-အင်းစိန်ရထားလမ်းပိုင်းကို အခုအချိန်မှာအဆင့်မြှင့်တင်နေတာဖြစ်ပြီးတော့ ဖေဖော်ဝါရီ  ၂၁ ရက်နေ့ကနေစပြီးလမ်းပိုင်းပြုပြင်ဆောင်ရွက်နေတာဖြစ်ပါတယ်။

တညင်းကုန်း-အင်းစိန် ရထားလမ်းပိုင်းအဆင့်မြှင့်နေတဲ့အပိုင်းမှာ အတွင်းလမ်းနဲ့ အပြင်လမ်း အတွက် လမ်းပိုင်းပြုပြင်နေတာဖြစ်ပြီးတော့ ကျန်နှစ်ပိုင်းဖြစ်တဲ့ အင်းစိန်-ကြည့်မြင်တိုင် လမ်းပိုင်းနဲ့ ကြည့်မြင်တိုင်- ဘုရားလမ်း လမ်းပိုင်းကို ထပ်ပြီးအဆင့်မြှင့်တင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဘူတာရှစ်ဘူတာအတွက် ပလက်ဖောင်းမြှင့်တင်တာတွေ၊ ရေစီးမြောင်းတွေ၊ အုတ်တံတိုင်းကာရံတာနဲ့ သံဆူးကြိုးကာရံတာတွေကိုလည်း လုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။

မြန်မာ့မီးရထားအနေနဲ့ JICA ရဲ့ အကူအညီနဲ့ ရန်ကုန်-မန္တလေး လမ်းပိုင်းအဆင့်မြှင့်တင်တာကို ဆောင်ရွက်နေတာဖြစ်ပြီးတော့ ရန်ကုန်-တောင်ငူမီးရထားလမ်းပိုင်းကိုလည်း ပြုပြင်ဖို့လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ရကုန်မြို့ပတ်ရထားကို စီးနင်းနေတဲ့ ခရီးသည်ဦးရေက တစ်နေ့ကို ရှစ်သောင်းဝန်းကျင်ခန့်ရှိနေတာဖြစ်တယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က