ပြည်တွင်း၊ပြည်ပကုမ္ပဏီတွေကို အဆိုပြုလွှာခေါ်ထားပါတယ်။

ဒဂုံဆိပ်ကမ်း မှာ နိုင်ငံ့ဝန်ထမ်းအိမ်ရာစီမံကိန်းဆောက်လုပ်ဖို့အတွက် ကုမ္ပဏီတွေ စိတ်ဝင်စားတယ်ဆိုရင်  အဆိုပြုလွှာတင်ဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြေငြာထားပါတယ်။

39112162_2228190277208479_3782609832532508672_n.jpg 

မြေဧက ၁၈၃ ဧကမှာအကောင်အထည်ဖော်မယ့် အဲ့ဒီ စီမံကိန်းမှာနိုင်ငံ၊ပြည်သူ့ဝန်ထမ်းအိမ်ရာတွေအပြင် စီးပွားရေးဆိုင်ရာ အဆောက်အအုံတွေ၊ဈေးဝယ်စင်တာ၊လူနေအိမ်ရာတွေနဲ့ ယာဉ်ရပ်နားဖို့ နေရာတွေကို ဖော်ဆောင်မှာဖြစ်ပြီးတော့ ပြည်တွင်းပြည်ပ ကုမ္ပဏီတွေကို ဖိတ်ခေါ်ထားတာဖြစ်ပါတယ်။

“ ကျွန်တော်ကိုယ်တိုင်လည်း အဲ့ဒီအကြောင်းကိုသေချာတော့မသိသေးဘူးဗျ။ အိုးအိမ်ဘက်ကလုပ်တာဆိုတော့သူတို့ကိုမေးပြီးရင်တော့ ပြန်ပြောလို့ရပါမယ် “ လို့ တောင်ဒဂုံမြို့နယ်က လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက  Duwun ကိုပြောပါတယ်။

စိတ်ဝင်စားတဲ့ ကုမ္ပဏီတွေအနေနဲ့ အိတ်ပိတ်အဆိုပြုလွှာကို စက်တင်ဘာ ၇ ရက်နေ့မှာ တင်ပြရမယ်လို့ ကြေငြာထားပါတယ်။

တန်ဖိုးနည်းအိမ်ရာတိုက်ခန်းတွေမှာ တိုက်ခန်းတန်ဖိုးကို တစ်ကြိမ်တည်း အကျေပေးသွင်း မှု၊ မြို့ပြနှင့် အိုးအိမ် ဖွံဖြိုးရေးဘဏ်မှာ အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်း နဲ့ ၁၅ နှစ်ပေးချေသည့် စနစ်နဲ့ ဝယ်ယူနိုင်တယ်လို့ ပြည် သူ့အိမ်ရာရောင်းချရေးကော်မတီ ကနေ သိရပါတယ်။

ရန်ကုန်တိုင်းအတွင်း ရောင်းချနေတဲ့ အိမ်ရာတွေမှာ ဂုံမြို့ သစ်တောင်ပိုင်းရှိ အင်းဝအိမ်ရာ၊ ကောင်းစံသာအိမ်ရာ၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ ယုဇနအိမ်ရာအပိုင်း(၁)၊ (၂)၊ ကနောင်အိမ်ရာ၊သင်္ဃန်းကျွန်းမြို့နယ်ရှိ ကြီးပွားရေးအိမ်ရာ၊ လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ဗန်းအိမ်ရာ၊ ထီးလှိုင်အိမ်ရာ၊ ရွှေပြည်သာမြို့နယ်ရှိ Shop House နဲ့ မြောက်ဥက္ကလာပမြို့နယ်ရှိ ရွှေပေါက်ကံအိမ်ရာတို့ ဖြစ်ပါတယ်။

 

Share

Loading Next Article...
က္က