အိမ်အကူခင်မာမြင့်နှင့် ပွဲစားဒေါ်ညိုတို့ကို ဒီနေ့ သင်္ဃန်းကျွန်းတရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။

ရုပ်ရှင်သရုပ်ဆောင်သီဟတင်စိုးကို လီဆယ်အမှုဖွင့်တိုင်ကြားခဲ့တဲ့ အိမ်အကူ ခင်မာမြင့်နှင့် ပွဲစားဒေါ်ညိုတို့ကို သြဂုတ်လ ၁၅ ရက်မှာ သဃ်န်းကျွန်းမြို့နယ်တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး ဒေါ်ညိုရဲ့ အာမခံလျှောက်ထားမှု ကို တရားရုံးက ပယ်ချခံလိုက်တယ်လို့သိရပါတယ်။

 

khin mar myit 1.jpg

ပွဲစားဒေါ်ညိုနှင့် အိမ်အကူခင်မာမြင့်တို့ကိုရုံးထုတ်လာစဉ်

 

ဒီနေ့ရုံးချိန်းမှာ ဒေါ်ညို  ဘက်ကနေ အမျိုးသားနှစ်ဦးက အာမခံလျှောက်ထားခဲ့ပေမယ့် သက်သေမခိုင်မာလို့ တရားရုံးက နေ ပယ်ချခဲ့တယ်လို့ ဒေါ်ညို ဘက်မှ လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်တင်က ပြောပါတယ်။

“ပုဒ်မ ၃၈၉ အရ အာမခံလျှောက်ပေးတဲ့အပိုင်းမှာ တရားရုံးက အာမခံခွင့်မပြုဘူးဆိုတော့ ဒါကတော့ ရုံးရဲ့ လုပ်ထုံးပေါ့” လို့ ရှေ့နေ ဦးခင်မောင်တင်က ပြောပါတယ်။

ဒီနေ့ ရုံးထုတ်ရာမှာ ဒေါ်ညိုနဲ့ ခင်မာမြင့်တို့ကို သီးသန့်ယာဉ်နဲ့ ခေါ်လာပြီး ရဲအင်အား အများအပြားသုံးထားတာတွေ့ရပါတယ်။ နောက်ထပ်ရုံးချိန်းကို သြဂုတ်လ ၂၉ ရက်ကို ချိန်းဆိုထားပါတယ်။

ပွဲစား ဒေါ်ညိုနှင့် အိမ်အကူခင်မာမြင့်တို့ကို ရုံးထုတ်လာစဉ်

 

ခင်မာမြင့်၊ ဒေါ်ညိုနဲ့ ထွက်ပြေးနေတဲ့ ထွန်းတောက်အကျိုးဆောင်ပိုင်ရှင် ဒေါ်မြင့်တို့ကို ထောင်ဒဏ်ဆယ်နှစ်အထိ ချမှတ်နိုင်တဲ့ ခြိမ်းခြောက်ငွေတောင်းခံမှုနဲ့   မဇင်မာဦးက တရားလိုလုပ်ပြီး  တိုင်ကြားထားတာဖြစ်ပါတယ်။

လက်ရှိတော့ သီဟတင်စိုးကို စွဲဆိုထားတဲ့ ပုဒ်မတွေကို ပြန်လည်ရုပ်သိမ်းခဲ့ပြီး ရဲတပ်ဖွဲ့ကနေ ခင်မာမြင့်ကို လီဆယ်တိုင်ကြားမှုကြောင့် ပုဒ်မ ၂၁၁နဲ့ တရားစွဲဆိုမှာဖြစ်ပေမယ့် ဒီနေ့ရုံးချိန်းမှာတော့ တင်သွင်းလာခြင်းမရှိသေးဘူးလို့ သိရပါတယ်။

အိမ်အကူခင်မြင့်ဟာ သီဟတင်စိုးကို အဓမ္မပြုကျင့်မှုနဲ့ အရေးယူပေးဖို့ အတွက် ဇူလိုင်လ ၁၄ ရက်တုန်းက တိုင်တန်းခဲ့ပြီး ရဲတပ်ဖွဲ့က စုံစမ်းခဲ့ရာ ဖြစ်စဉ်အမှန်ပေါ်ပေါက်ခဲ့ပါတယ်။

Share

Loading Next Article...
က္က