ကားပွန်းပဲ့ပြီး လူကတော့ ဒဏ်ရာမရရှိဘူးလို့ သိရပါတယ်။

စစ်ကိုင်းတိုင်း ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦး စီးလာတဲ့ကားနဲ့ မျက်နှာချင်းမောင်လာတဲ့ ကုန်တင်ကားတစ်စီးတို့ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့တယ်လို့ စစ်ကိုင်းတိုင်းယာဉ်ထိန်းတပ်ဖွဲ့ရုံးကနေ သိရပါတယ်။

39386259_857347481135832_5333878919504330752_n.jpg

Photo - Yaung Chyi

 

ယာဉ်တိုက်မှုကြောင့် လူထိခိုက်ဒဏ်ရာမရှိပေမယ့် ကားကတော့ ပွန်းပဲ့သွားတယ်လို့သိရပါတယ်။

ဒီနေ့ သြဂုတ်လ ၁၆ ရက် မနက် ၈ နာရီကျော်လောက်ကဖြစ်ပွားခဲ့ပြီး ဒုသမ္မတကို ကြိုဆိုဖို့သွားတဲ့ ဝန်ကြီးရဲ့ ကားကို တစ်ဖက်လမ်းကြောက မောင်းနှင်လာတဲ့ ခြောက်ဘီးကုန်တင်ယာဉ်က ဝင်တိုက်မိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ခြောက်ဘီးကားဟာ သူ့ရှေ့မှာ မောင်းနှင်နေတဲ့ခွေး ဘီလူးအမျိုးအစားကားတစ်စီး ရုတ်တရက်အရှိန်နှေးလိုက်စဉ် ခွေးဘီလူးအမျိုးအစားကားကို တိုက်မိပြီး မျက်နှာချင်းဆိုင်လမ်းကြောင်းကို လွှင့်စင်သွားခဲ့ပြီး အရှိန်မသေသေးပဲ ဝန်ကြီးကားကို တိုက်မိတာဖြစ်ပါတယ်။

Photo - Yaung Chyi

 

“ထိခိုက်မှု မရှိပါဘူး။ ကားပဲ ပွန်းပဲ့သွားတာပေါ့။ ခြောက်ဘီး ကားက ခွေးဘီလူးတစ်စီးနဲ့ ယှဉ်မောင်းနေရင်း အရှိန်လွန်ရင်း ဟိုဘက်လမ်းကြောကို ရောက်ပြီး ဝန်ကြီးကားကို ဝင်တိုက်မိတာပါ။ “ လို့ စစ်ကိုင်းတိုင်းယာဉ်ထိန်းတပ်ဖွဲ့ရုံးက ယာဉ်ထိန်းရဲ အောင်ဇော်ထွန်းက ပြောပါတယ်။

လက်ရှိတော့ ခြောက်ဘီးကား မောင်းနှင်သူကို ယာဉ်မဆင်မခြင် မောင်းနှင်မှု နဲ့ အရေးယူထားတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က