Weststar Aviation Service ကုမ္ပဏီက တိုင်ကြားထားတာပါ။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကို ကုမ္ပဏီတစ်ခုက အဂတိလိုက်စားမှုနဲ့ တိုင်ကြားထား လျှပ်စစ်စွမ်းအင် ဝန်ကြီးဌာနကို Weststar Aviation Service ကုမ္ပဏီက အဂတိလိိုက်စားမှုနဲ့ တိုင်ကြားထားတယ်လို့ ကုမ္ပဏီရဲ့တာဝန်ရှိသူဖြစ်တဲ့ ဒေါ်မေသန့်စင်ကပြောပါတယ်။

အဲ့ဒီကုမ္ပဏီက တိုင်ကြားရာမှာ ရဟတ်ယာဉ်ငှားရမ်းသုံးစွဲခဲ့တဲ့ တင်ဒါကိစ္စမှာ Weststar ကုမ္ပဏီက တင်ဒါအောင်မြင်ပေမယ့် လက်တွေ့မှာ လုပ်ကိုင်ခွင်မပေးဘဲနဲ့ နဂို ရဟတ်ယာဉ်ငှားရမ်းတဲ့ ကုမ္ပဏီကို ပဲလုပ်ကိုင်ခွင့်ပေးထားတာကြောင့်ဖြစ်တယ်လို့ သြဂုတ်လ ၁၆ ရက်နေ့က Park Royal ဟိုတယ်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ ။

“အဂတိလိုက်စားမှုကော်မရှင်ကို တိုင်ထားတယ်ဆိုရင် တိုင်ကာစဆိုရင်တော့ပြောဖို့အတွက်က ကျွန်တော်တို့မှာက ညွှန်ကြားချက်တွေလည်းရှိတော့လေ။ တိုင်ကာစဆိုရင် တိုင်စာတွေကို စစ်တယ်။ စစ်ပြီး တစ်လခွဲလောက်မှ ပြန်ကြားတယ်။ပြန်ကြားပြီးတော့မှ ပြောခွင့်ရပါတယ်။ လုပ်ထုံးလုပ်နည်းအရတော့အဲ့လိုဖြစ်နေပါတယ်။ ကျွန်တော်ကလည်း လက်ရှိမှာ ခရီးနဲ့ ပြည်နယ်တစ်ခုကို ရောက်နေလို့ပါ။” လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဦးဟန်ညွန့်က Duwun ကို ပြောပါတယ်။

အဲ့ဒီလိုတိုင်ကြားတဲ့ ကုမ္ပဏီက မလေးရှားအခြေစိုက် ဖွင့်ထားတဲ့ လေကြောင်းပျံသန်းမှုဆိုင်ရာကုမ္ပဏီဖြစ်ပြိးတော့ ၂၀၁၇ စက်တင်ဘာလ ၉ ရက်မှာ Total ကုမ္ပဏီကခေါ်တဲ့ ရဟတ်ယာဉ်ငှားရမ်းမှုတင်ဒါအောင်မြင်ပြီးတော့ စက်တင်ဘာ ၁၅ ရက်နေ့မှာ တင်ဒါအောင်မြင်ခဲ့တာပါ။

လုပ်ငန်းအတွက် ဒေါ်လာ ၂ သိန်း ကျော်နှုန်းနဲ့ သက်သာတဲ့နှုန်းနဲ့ တင်ဒါအောင်မြင်ခဲ့ပေမယ့် တစ်နှစ်ကြာတဲ့အထိလုပ်ကိုင်ခွင့်မရသေးလို့ အခုလိုမျိုးတိုင်ကြားတယ်လို့ သိရပါတယ်။

 

Share

Loading Next Article...
က္က