ဆင်တွေကို ဝိုင်းဝန်းထိန်းသိမ်းချင်စိတ်ရှိအောင် စီစဉ်တာပါ။

ပထမဆုံးအကြိမ် ဆင်ပြတိုက်ကို ရန်ကုန်တိရစ္တာန်ဥယျာဉ်ရှိ သဘာဝသမိုင်းပြတိုက်အဆောက်အအုံအတွင်းမှာ နိုဝင်ဘာလလောက်မှာ စတင်ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။



elephant 2.jpg 

ရန်ကုန်တိရစ္တာန်ဥယျာဉ်ရှိ သဘာဝသမိုင်းပြတိုက်အဆောက်အအုံအတွင်းမှာ ဖွင့်လှစ်သွားမှာ ဖြစ်ပြီး မြန်မာနိုင်ငံမှာ မျိုးသုဉ်းပျောက်ကွယ်လုနီးပါးဖြစ်တဲ့ ဆင်တွေကို ဝိုင်းဝန်းထိန်းသိမ်းချင်စိတ်ရှိအောင် ဆင်တွေကျက်စားနေထိုင်တဲ့ ပုံစံ၊ ဆင်တွေကို ထိန်းသိမ်းရေးတွေမှာ ပြည်သူတွေကို အသိပညာပေးဖို့ ရည်ရွယ်ချက်တွေနဲ့ ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။

ပြတိုက် ဖွင့်လှစ်ဖို့အတွက် သစ်တော ဦးစီးဌာနနဲ့  ကမ္ဘာလုံးဆိုင်ရာ သဘာဝ ပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ (WWF) မှ ဦးဆောင်တာဖြစ်ပြီး WWF ကနေ အကြံဉာဏ်နဲ့ ဘတ်ဂျက်ကို အဓိကကူညီပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

“မြန်မာနိုင်ငံမှာ ရှိတဲ့ ဆင်မျိုးစိတ်တွေ၊အရင်က ဆင်တွေကို ဘယ်လိုနေရာတွေမှာ အသုံးပြုခဲ့လဲ ဆိုတဲ့ပြကွက်တွေ၊ သစ်ထုတ်လုပ်ရေးမှာ ဆင်တွေကို ဘယ်လိုအသုံးပြလဲဆိုတဲ့ ပြကွက်တွေ အစရှိတဲ့ ဆင်နဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေကို ပြသသွားမှာပါ” လို့ WWF မြန်မာမှ ပြန်ကြားရေးအရာရှိ ဦးရဲမင်းသွင်က ပြောပါတယ်။

ပေ ၃၀၊ ပေ ၈၀ အကျယ်အဝန်းနဲ့ ဆင်ပြတိုက်ကို ဖွင့်လှစ်သွားမှာ ဖြစ်ပြီး ဆင်ကျောက်ဖြစ်ရုပ်ကြွင်းမျိုးစိတ်တွေ၊ တောဆင်ရိုင်းတွေ သတ်ဖြတ်ခံရမှုပုံတွေ၊ ဆင်အရိုး၊အစွယ်တွေနဲ့ လုပ်ထားတဲ့ အသုံးအဆောင်ပစ္စည်းတွေ၊ ရှေးမြန်မာနန်းတွင်းမှာ ဆင်အသုံးပြုပုံတွေ၊ မှတ်တမ်းဓာတ်ပုံတွေ၊ တောဆင်ဖမ်းဆီးခြင်း စာချုပ်တွေ၊ဆင်ဦးစီးတွေ အသုံးပြုတဲ့ Verbal Command ၊ ဆင်နဲ့ ပတ်သက်တဲ့ ပန်းချီကားတွေကို ပြသထားမှာ ဖြစ်တယ်လို့သိရပါတယ်။

ဆင်များ သတ်ဖြတ်ခံရမှုလျော့ကျအောင် ပတ်သက်ပြီး WWF မြန်မာကနေ စီမံကိန်းအနေနဲ့ လုပ်ဆောင်နေပြီး စီမံကိန်းစတင်ပြီးတဲ့နောက်မှာ တစ်လကို ပျမ်းမျှ ၁ ဒသမ ၆ ကောင်ရေနှုန်းနဲ့ အသတ်ခံရမှုလျော့ကျလာတာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ တောရိုင်းဆင်တွေကို ထိန်းသိမ်းမှုအနေနဲ့ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်မှာ ဝင်္ဂဘော် ဆင်စခန်း ဖွင့်လှစ်ထားတယ်လို့လည်းသိရပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က