ညကဘဲ စတင်ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။

သြဂုတ်လ ၁၆ ရက်နေ့ ည ၁၁ နာရီခွဲလောက် က ဒါရိုက်တာ မိုက်တီး မောင်းနှင်လာတဲ့  Mazda Demio အစိမ်းနုရောင်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ကားထဲမှာ WY စိတ်ကြွဆေးပြားတွေဖမ်းဆီးရမိခဲ့တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ကသိရပါတယ်။



Photo - Yangon Police

တာမွေမြို့နယ်၊ တာမွေကြီး(ခ)ရပ်ကွက်၊ အရှေ့မြင်းပြိုင်ကွင်းလမ်း၊ အထက(၃)ရှေ့တွင်မော်တော် ယာဉ်များအား ရဲတပ်ဖွဲ့က ပိတ်ဆို့စစ်ဆေးရှာဖွေနေစဉ် သန်းထွန်းဇော် (ခ)မိုက်တီး ထိုင်နေတဲ့ ဖင်ထိုင်ခုံနဲ့ ကျောမှီကြားက မီးခိုးရောင် မျက်မှန်ဘူးထဲမှာ ထည့်ထားတဲ့ အကြည်ရောင် ပလပ်စတစ် ကပ်ခွာ အိတ်ဖြင့်ထုပ်လျက် WY စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား(၁၇)ပြားပါ (၁)ထုပ်၊ အစိမ်းရောင်အဖုံးပါ  ကော်ဘူးအတွင်းထည့်လျက် WY စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား(၉)ပြား ပါ(၁)ဘူး၊ စုစုပေါင်း(၂၆)ပြားကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် မူးယစ် ဆေးဝါးများလက်ဝယ်တွေ့ရှိသူ သန်းထွန်းဇော်(ခ)မိုက်တီးကို တာမွေမြို့ မ ရဲစခန်းက မယ(ပ)၂၉/၂၀၁၈ ၊ မူးယစ်ဆေးဝါး နှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၆(ဂ) နဲ့ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားတယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က