ဖုန်းထဲမှာ ဗီဒီယို နဲ့ ဓါတ်ပုံတွေကို ဖမ်းဆီးရမိခဲ့ပါတယ်။



ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ မြန်မာပလာဇာ Harry Bar အနီးက အမျိုးသမီးအိမ်သာထဲမှာ အချိန်ကြာ ခိုးဝင်နေတဲ့ အမျိုးသားတစ်ဦးကို ဖမ်းမိခဲ့တယ်လို့ ဗဟန်းမြို့မရဲစခန်းကနေသိရပါတယ်။

Photo - YouTube

 

"မနေ့က သြဂုတ်လ ၁၈ ရက် ည ၁၁ ကျော်လော်က ဖမ်းမိတာပါ။ စခန်းမှူး က အမှုဖွင့်ဖို့စီစဉ်ထားပါတယ်။'' ဗဟန်းမြို့မရဲစခန်းက တာဝန်ကျရဲအရာရှိတစ်ဦးကပြောပါတယ်။

အသက် ၁၈ နှစ်အရွယ် အဲဒီအမျိုးသားဟာ အိမ်သာထဲမှာ ဖုန်းနဲ့ဓာတ်ပုံ၊ ဗီဒီယိုခိုးယူရိုက်ကူးနေတာဖြစ်ပြီး အမျိုးသမီး ၇ ဦးက ဖမ်းမိခဲ့ပြီး ရဲစခန်းကိုတိုင်ကြားခဲ့ပါတယ်။ ဖုန်းနှင့် ဓါတ်ပုံ၊ ဗီဒီယို ခိုးယူရိုက်ကူးနေတာကိုလည်း ဟန်းဖုန်းထဲက ဖိုင်တွေနဲ့အတူ ဗဟန်းရဲစခန်းကို သက်သေအဖြစ်အပ်နှံခဲ့တယ်လို့သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စခန်းမှူးရဲအုပ်ခင်မောင်ဝင်းကနေ အမှုလက်ခံကာ မြန်မာပလာဇာလုံခြုံရေးအဖွဲ့က တရားလိုပြုလုပ်ပြီး တရားဆက်လက်စွဲဆိုသွားမယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က