ဖောက်ထွင်းသူကမဟာမုနိဘုရားကြီးကလုံခြုံရေးဝန်ထမ်းတစ်ဦးဖြစ်ပါတယ်။

မန္တလေးမြို့ မဟာမုနိဘုရားကြီးရှိ  ဘုရားဘဏ္ဍာ ပစ္စည်းတွေသိမ်းဆည်းတဲ့အခန်း ဖောက်ထွင်းသူကို နေ့ချင်းဖမ်းဆီးရမိခဲ့တယ်လို့ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် အမှတ် ၁၀ ရဲစခန်းကနေ စုံစမ်းသိရှိရပါတယ်။

39651706_287181098750988_5906711390810275840_n.jpg

Credit - Soe Lin

သြဂုတ်လ ၁၈ ရက်ညပိုင်းက ဖောက်ထွင်းခံခဲ့ရတာဖြစ်ပြီး ဖောက်ထွင်းသူမှာ ဘုရားကြီးက လုံခြုံရေးဝန်ထမ်းတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

“တရားခံကိုတော့ ဖမ်းမိသွားပါပြီ။ ဘုရားကြီး လုံခြုံရေးဝန်ထမ်းပါ။” လို့ အမှတ် ၁၀ ရဲစခန်းတာဝန်ကျ ရဲအရာရှိတစ်ဦးက Duwun မီဒီယာကို ပြောပါတယ်။

သြဂုတ်လ ၁၈ ရက် ည ၉ နာရီကျော်အချိန်လောက်မှာ လုံခြုံရေးဝန်ထမ်းကျော်ဇေယျဆိုသူက ဘုရားဘဏ္ဍာပစ္စည်းတွေ သိမ်းဆည်းတဲ့အခန်းကို ခေါင်မိုးလှန်ပြီး အခန်းတွင်းသိမ်းဆည်းထားတဲ့ ဘုရားကြီးရှေ့တော်မှာ တင်ထားတဲ့ အလှုခံပုံးမှန်ကို ခွဲကာ ရွှေဆိုင်းနဲ့ အလှူငွေတွေကို ခိုးယူသွားခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။

39846739_287181042084327_3717248178408390656_n.jpg

Credit - Soe Lin

ဖောက်ထွင်းမှုကို ဘုရားကြီး ဂေါပကအဖွဲ့ကနေ သြဂုတ်လ ၁၉ ရက်မနက်မှ သိရှိခဲ့ပြီး ရဲစခန်းကို တိုင်ကြားခဲ့ရာ နေ့ချင်းဖမ်းဆီးမိခဲ့တာလည်းဖြစ်ပါတယ်။ ငွေကျပ် ၃၆ သိန်းကျော်၊ နိုင်ငံခြားငွေ အချို့နဲ့ ရွှေဆိုင်း ၂၅ ဆိုင်းတို့ကို ခိုးယူခဲ့ပြီး ပြန်လည်သိမ်းဆည်းရမိခဲ့ကြောင်းလည်းသိရပါတယ်။

ဘုရားဘဏ္ဍာငွေတွေ ဖောက်ထွင်းခဲ့တဲ့ အဆိုပါ လုံခြုံရေးဝန်ထမ်းကို ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်မှု ဥပဒေပုဒ်မ ၆၁ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့လည်း သိရပါတယ်။

Share

Loading Next Article...
က္က