ရဲအင်အား၁၇၀ကျော်လောက်ဝင်ရောက်ဖမ်းဆီးခဲ့ရာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ ၈ ဦးကို ဖမ်းမိခဲ့ပါတယ်။

မန္တလေး အောင်မြေသာစံမြို့နယ်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်တဲ့နေရာလို့ နာမည်ကြီးနေတဲ့ ကမ်းနားလမ်းတစ်လျှောက်ကို  ရဲတွေက ဒီနေ့ သြဂုတ်လ ၂၀ ရက်မှာ ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။

 

phyo ei 2.jpg 

ဒီနေ့ မွန်းလွဲ ၂ နာရီကျော်လောက်မှာ ရဲတပ်ဖွဲ့အင်အား ၁၇၀ ကျော်လောက်ကဝင်ရောက်ဖမ်းဆီးခဲ့ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ ၈ ဦးကို ဖမ်းဆီးမိခဲ့တယ်လို့သိရပါတယ်။

မန္တလေးမြို့ ၂၂ လမ်းနဲ့ ၂၁ လမ်းကြား ကမ်းနားလမ်းတလျှောက်မှာ မူးယစ်ရဲတပ်ဖွဲ့နဲ့ နယ်မြေခံရဲ အင်အား ၁၇၀ လောက်ဟာ ဧရာဝတီမြစ်ထဲက ဖောင်တွေပေါ်ကနေအိမ်၊ မြစ်ကမ်းဘေးက အိမ်ရာတွေ၊ စည်ပင်သာယာအဌားအိမ်ရာ တိုက်ခန်းတွေအပြင် ရေကြောင်းတစ်လျှောက် ပိတ်ဆို့ရှာဖွေစစ်ဆေးခဲ့တာပါ။

 

 

လက်ရှိအချိန်ထိတော့ စည်ပင်သာယာအဌားအိမ်ရာကို ဝင်ရောက်ဖမ်းဆီးရာ မူးယစ်ဆေးဝါး သုံးစွဲသူ ၈ ဦးနဲ့ ဆေးပြားအချို့ကို ဖမ်းမိခဲ့ပါတယ်။

ဒီနေ့ သြဂုတ်၂၀ ရက် မနက်ပိုင်းလောက်က Maung Muang Aye ဆိုတဲ့ ဖေ့ဘွတ်စ်အကောင့်ပိုင်ရှင်က မန္တလေး အောင်မြေသာစံ ၂၁ လမ်းနဲ့ ၂၂ လမ်းကြားက ဘိန်းခန်းတစ်ခန်းဆိုပြီး Live ဗီဒီယိုဖိုင်တစ်ခု တင်ထားခဲ့ပြီး ဖေ့ဘုတ်သုံးစွဲသူတွေကြား ပျံနှံခဲ့ပြီးနောက်  အခုလို ဝင်ရောက်ဖမ်းဆီးခဲ့တာလည်း ဖြစ်ပါတယ်။

မူးယစ်ဆေးတွေကို လက်မောင်းထဲထိုးထည့်သူ၊ ပေါင်ထဲ ထိုးထည့်တဲ့သူနဲ့ ဆေးထိုးအပ်တွေကို ဝက်သားတုတ်ထိုးဆိုင်လိုရောင်းချပေးနေတယ်ဆိုပြီး ရေးသားထားကာ မူးယစ်ဆေးဝါးတွေ ရောင်းဝယ်သုံးစွဲနေကြတဲ့ ဗီဒီယိုင်ဖိုင်တစ်ခု တင်ထားခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က