ပြည်ထဲရေးကို အကြောင်းကြားထားပါတယ်။

Facebook ပေါ်မှာ ဗုဒ္ဓဘာသာအကြည်ညိုပျက်အောင် ရေးသားနေတဲ့အကောင့်နှစ်ခုကို အရေးယူသွားမယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနကနေ သြဂုတ်လ ၂၀ ရက်နေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

phi.PNG

Phirom Yindee ၏ Facebook အကောင့်ကိုမြင်ရစဉ်

 

Facebook ပေါ်မှာ "ဘုန်းပြည့်စုံမင်း"ဆိုတဲ့အကောင့်နဲ့ "Phirom Yindee" အကောင့်တွေကနေ ဗုဒ္ဓဘာသာနဲ့ ဆရာတော် သံဃာတော်တွေကို အကြည်ညိုပျက်စေဖို့၊ သာသနာတော်ညှှိုးနွမ်းစေဖို့ နဲ့ နိုင်ငံတော်အကြီးအကဲတွေရဲ့ ဂုဏ်သိက္ခာ ထိခိုက်စေတဲ့ ရုပ်ပုံတွေနဲ့စာသားတွေကို ရေးသားဖော်ပြခဲ့တယ်ဆိုပြီး ထုတ်ပြန်ထားတာပါ။

“အဲ့ဒီအကောင့်တွေက ဆရာတော်ကြီးတွေရဲ့ ပုံကိုမဟုတ်တာတွေ လျှောက်လုပ်ထားတယ်။ လူမှုကွန်ယက်မှာ ရေးသားထားတယ်။ အခုကျွန်တာ်တို့ ပြည်ထဲရေးကို တိုင်ကြားထားပါတယ်။ ပြီးတော့မှ ဘယ်သူ၊ ဘာကြောင့်ဒီလိုတွေလုပ်နေတယ်ဆိုတာကို ထုတ်ပြန်ရှင်းလင်းသွားမှာတွေ ရှိပါတယ်။ အခုကတော့ ပြည်ထဲရေးကို အကြောင်းကြားထားတုန်းပါ။” လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ဝန်ကြီးရုံးရဲ့ ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက Duwun ကို ပြောပါတယ်။

နိုင်ငံရေး၊ဘာသာရေးနဲ့ ပါတ်သတ်ပြီး မဟုတ်မမှန်လုပ်ကြံရေးသားတဲ့ Account ပိုင်ရှင်တွေကို ဥပဒေနဲ့ အညီ အရေးယူဆောင်ရွက်နိုင်ဖို့ အတွက် စုံစမ်းဖော်ထုတ်ဖို့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနတွေကို အကြောင်းကြားထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ အမုန်းစကားတွေ၊ ဘာသာရေးနဲ့ ပါတ်သတ်တာတွေကို ဖြန့်ဝေနေမှုတွေက Facebook ကနေအများဆုံးဖြစ်နေတယ်လို့ ထွက်ပေါ်ပြီးတဲ့နောက်ပိုင်းမှာ မြန်မာနိုင်ငံအပေါ် Facebook ကနေဝန်ထမ်းတွေခန့်ပြီး အရင်ကထက် အမုန်းစကားတွေ မပြန့်ပွားစေဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က