ီDuwun ရဲ့ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့တာပါ။

မြန်မာတပ်မတော်နဲ့ပတ်သက်ပြီး ပိတ်သိမ်းလိုက်တဲ့ အကောင့်တွေကို ဘယ်လိုအကြောင်းနဲ့ မှ ပြန်ဖွင့်ပေးတော့မှာ မဟုတ်ဘူးလို့ Facebook တာဝန်ရှိသူက Duwun ကို ပြောပါတယ်။ ဒါပေမယ့် တပ်မတော်ဘက်က ဖြေရှင်းပေးဖို့ ထပ်မံ ပြောလာခဲ့ရင် ဘယ်လိုတုန့်ပြန်မလဲဆိုတဲ့ Duwun ရဲ့မေးခွန်းကို တော့ Facebook တာဝန်ရှိက ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါဘူး။



 

Photo - globalnewlightofmyanmar

 

သြဂုတ်လ ၂၇ ရက်နေ့ ညနေပိုင်းမှာ မြန်မာတပ်မတော်နဲ့ ပတ်သက်တဲ့အကောင့်တော်တော်များများကို ဖေ့စဘုတ်က ဖျက်သိမ်းလိုက်ပြီးနောက် Duwun ကနေ Facebook ကို ဆက်သွယ်မေးမြန်းခဲ့ရာမှာ  ခုလိုပြန်လည်ဖြေကြားခဲ့တာပါ။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ အချက်အလက်ရှာဖွေရေးစီမံချက် အပြည်ပြည်ဆိုင်ရာ ကျွမ်းကျင်သူတွေက အဆိုပါ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေက နိုင်ငံအတွင်းမှာရှိတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖြစ်စေနိုင်တယ်လို့ လတ်တလောတွေ့ရှိမှုတွေအရ သိရတယ်လို့ ဖေ့စ်ဘွတ်က ထုတ်ပြန်ထားပါတယ်။

လတ်တလောစုံစမ်းဖော်ထုတ်မှုတွေအရ အဲဒီ အကောင့်တွေက တပ်မတော်နဲ့ ဆက်နွှယ်တဲ့သတင်းစကားတွေကို တစ်သီးပုဂ္ဂလအနေနဲ့ ဒါမှမဟုတ် ထင်မြင်ယူဆချက်အနေနဲ့ အသုံးပြုနေတယ်ဆိုပြီး ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ဖေ့စ်ဘွတ်အနေနဲ့လည်း ဖေ့စ်ဘွတ်ကိုအသုံးပြုပြီး လူမျိုးရေးနဲ့ ဘာသာရေးတင်းမာမှုတွေကို မဖြစ်စေချင်ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအကြောင်းအရာတွေကြောင့် ဖေ့စ်ဘွတ် စာမျက်နှာ ၆ ခုနဲ့ လူပုဂ္ဂိုလ်အကောင့် ၆ ခုကို ဖယ်ရှားရတာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

နောက်ထပ်လည်း Facebook စံညွှန်းနဲ့ မကိုက်ညီတဲ့ ဖေ့ဘုတ်ပေ့ချ် ၄၆ ခုနဲ့ ကိုယ်ပိုင်အကောင့် ၁၂ ခုကို ဖယ်ရှားခဲ့ပြီး ဖြစ်တယ်လို့သိရပါတယ်။ ပြည်သူကို ကောင်းမွန်တဲ့ ဆက်သွယ်ချက်တွေယုံကြည်နေစေဖို့အတွက် ဒီလိုမျိုး ဖယ်ရှားရတာဖြစ်တယ်လို့ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

လက်ရှိ လုပ်ဆောင်နေတဲ့ အမုန်းစကားနဲ့ သတင်းလွှဲမှားမှု ကာကွယ်ရေးလုပ်ဆောင်ချက်တွေအရ အခုလို ဖယ်ရှားလိုက်တာလို့ Facebook က ကြေညာထားပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က