မိသားစု ရာနဲ့ချီပြီးရေဘေးလွတ်ရာ သွားနေရပါတယ်။

ဆွာရေလှောင်တမံ ကျိုးပေါက်ပြီး အနီးအနားရွာတွေကို ရေလွှမ်းခဲ့တာကြောင့် အနည်းဆုံးလူ ၆ ယောက်သေဆုံးပြီး လူရာနဲ့ချီပြီး ရေဘေးလွတ်ရာကို ရွေ့ပြောင်းနေကြရပါတယ်။



Photo - ရဲသီဟ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဆွာရေလှောင်တမံ ကျိုးပေါက်တာကြောင့် ဆွာမြို့အပါအဝင် ကျေးရွာအုပ်စု ၁၉ ခုက ကျေးရွာ ၄၀ လောက် ရေနစ်မြုပ်ပြီး လူ ၆ ဦး သေဆုံးသွားတယ်လို့ ဆွာမြို့ရဲတပ်ဖွဲ့က Duwun ကို အတည်ပြုပြောကြားပါတယ်။

ဒေသခံတွေကတော့ ရာနဲ့ချီပြီး ထွက်ပြေးနေပေမယ့် မိသားစု ဘယ်နှစ်ခု ရေဘေးသင့်တယ်ဆိုတာ အတိအကျတော့ မသိရသေးပါဘူး။

"ရေစီးနေတဲ့ အချိန် လမ်းဖြတ်ကူးရင် ရေစီးနဲ့ ပါသွားကြတယ်လို့ သိရပါတယ်။"လို့လည်း ဆွာဒေသခံတစ်ဦးကပြောပါတယ်။

ပဲခူးတိုင်းဒေသကြီး ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲက သြဂုတ်လ ၂၉ ရက် ဒီနေ့မနက် ၄ နာရီမှာ ရေစီးကျော်အရှိန်များတာကြောင့် ရေပိုလွှဲ ညာဘက်အခြမ်းပဲ့ကျခဲ့ပါတယ်။ အဲ့ဒါကြောင့် ရေထွက်တာများပြီး မူလချောင်းရေပြည့်လျှံနေလိ့ုရန်ကုန်-မန္တလေး အမြန်လမ်းနဲ့ ဆွာမြို့မှာ ရေကြီးရေလျှံနေပါတယ်။ တမံကျိုးကျပျက်စီးခြင်းမရှိသေးကြောင်းနဲ့ လက်ရှိမှာ အနီးကပ်စီမံခန့်ခွဲဖု့ အတွက် ပြည်ထောင်စုအဆင့် လုပ်ဆောင်နေတယ်လို့ ဆည်မြောင်းဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အမြန်လမ်းပေါ်က ဆွာတံတားနိမ့်ကျမှုကြောင့် ယာဉ်သွားလာမှုကို ယာယီရပ်နားခဲ့ပေမယ့် နေ့လည် ၁၁ နာရီမှာတော့ ကားသေးတွေကို ပြန်သွားခွင့်ပြုနေတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က