သီဟတင်စိုးက အဓမ္မပြုကျင့်တာမဟုတ်ဘူးလို့ပြောရင် ပြန်လွှတ်ပေးမယ်လို့ ရဲတပ်ဖွဲ့ကပြောခဲ့တယ်ဆိုပါတယ်။

သီဟတင်စိုး အဓမ္မပြုကျင့်ခဲ့တယ်လို့ အိမ်အကူ မခင်မာမြင့် တရားခွင်မှာ ထွက်ဆို ရဲတပ်ဖွဲ့က အိမ်အကူမခင်မာမြင့်ကို သီဟတင်စိုးက အဓမ္မပြုကျင့်တာမဟုတ်ဘူးလို့ပြောရင် ပြန်လွှတ်ပေးမယ်ဆိုလို့သာ ပြောခဲ့ရပြီး အမှန်တကကယ်တော့ အဓမ္မပြုကျင့်ခံခဲ့ရကြောင်း အိမ်အကူ မခင်မာမြင့်က ထွက်ဆိုလိုက်ပါတယ်။

 

“သီဟတင်စိုးနဲ့ မနေဘူးပြောရင် ပြန်လွှတ်ပေးမယ်ပြောလို့သာ သမီးက ပြောခဲ့တာပါ။ တကယ်တော့ သမီးကို အဓမ္မပြုကျင့်ခဲ့တာ အမှန်ပါ။ သမီးခံရတာ သမီးပဲသိပါတယ်။" လို့ စက်တင်ဘာလ ၅ ရက်နေ့ ရုံးချိန်းမှာ တရားသူကြီးကိုပြောခဲ့တာပါ။

သီဟတင်စိုးကို အဓမ္မပြုကျင့်တယ်ဆိုပြီး လီဆယ်တိုင်ကြားခဲ့တဲ့ အိမ်အကူမခင်မာမြင်နဲ့ ပွဲစားဒေါ်ညိုတို့ကို စက်တင်ဘာ ၅ ရက်နေ့မှာ ရုံးထုတ်စစ်ဆေးခဲ့ပြီး မခင်မာမြင့်ကတရားခွင်အတွင်း ပြန်လည်ချေပေ မေးခွန်းမေးမြန်းရာမှာ အခုလို ပြောခဲ့တာပါ။

ဒီနေ့ရုံးချိန်းမှာတော့ တရားလိုဖြစ်သူ သုဝဏ္ဏရဲစခန်း စခန်းမှူး ဒုရဲအုပ်သန်းနိုင်ကို အပြီးသတ်စစ်ဆေးခဲ့ပြီးနောက် မခင်မာမြင့်ကိုယ်တိုင် သီဟတင်စိုးက သူ့ကို အဓမ္မပြုကျင့်ခဲ့ခြင်းမရှိကြောင်း၊ လိမ်လည်တိုင်တန်းခဲ့ခြင်းသာဖြစ်ကြောင်း ဝန်ခံခဲ့ပြီး မှတ်တမ်းတွေအားလုံးလည်းရှိကြောင်း တရားခွင်မှာ ပြန်လည် ချေပခဲ့ပါတယ်။

KMM2.jpg

ဒီနေ့ ရုံးချိန်းမှာ ပွဲစားဒေါ်ညိုကို ခြိမ်းခြောက်ငွေတောင်းခံမှုနဲ့ တရားစွဲထားတဲ့ တရားလို ဇင်မာဦးရောက်လာပေမယ့် အမှုတွဲဖိုင်က ခရိုင်ရုံးကို ရောက်နေတဲ့အတွက် နောက်ထပ်ရုံးချိန်းမှာ ဆက်လက်စစ်ဆေးမှာဖြစ်ပါတယ်။

ပွဲစားဒေါ်ညိုက အရှေ့ပိုင်းခရိုင်တရားရုံးမှာ အာမခံလျှောက်ထားတယ်လို့ ရှေ့နေ ဦးခင်မောင်တင်က ပြောပါတယ်။ အိမ်အကူမခင်မာမြင့်နဲ့ ပွဲစားဒေါ်ညိုတို့ကို လာမယ့် ၁၉ ရက်နေ့ ရုံးချိန်းမှာ ဆက်လက်စစ်ဆေးမှာဖြစ်တယ်လို့သိရပါတယ်။

Share

Loading Next Article...
က္က