မန္တလေးမြို့ မြရည်နန္ဒာဈေးအနီးက လျှပ်စစ်ပစ္စည်းဆိုင်အတွင်းမှာ ဒီနေ့ စက်တင်ဘာ ၉ ရက် မနက် ၈ နာရီလောက်က အမျိုးသမီး ဓားနဲ့ထိုးခံလိုက်ရတယ်လို့ အောင်ပင်လယ်ရဲစခန်းက Duwun ကိုအတည်ပြုပြောကြားပါတယ်။

 

Photo -Aung Phyo

 

 

မန္တလေးမြို့ ၄၉ လမ်းနဲ့ လမ်း ၅၀ ကြား မဉ္ဇူလမ်းနားမှာ ဖြစ်ပွားခဲ့ပြီး ခဲအိုနဲ့စကားများရာကနေဓားထိုးခံလိုက်ရတယ်လို့ မျက်မြင်တွေ့ရှိသူတွေကပြောပါတယ်။ ဓားထိုးခံရမှုကြောင့် အမျိုးသမီးရဲ့ အခြေအနေက စိုးရိမ်ရပြီး လက်ရှိတော့ ဆေးရုံကို ပို့ဆောင်ထားတယ်လို့ အောင်ပင်လယ်ရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက Duwun ကိုပြောပါတယ်။

''ဖြစ်စဉ်က ဟုတ်တယ်။ လူနာကိုတော့ဆေးရုံတင်ထားပါတယ်။ ကျူးလွန်သူကိုတော့ မမိသေးဘူး ။ စစ်ဆေးဆဲပဲရှိသေးတယ်။ ကျန်တာဘာမှမသိရသေးဘူး။'' လို့ ရဲအရာရှိကဆိုပါတယ်။

41368487_1147581928750604_4081442571677597696_n.jpg

Photo -Aung Phyo

အခင်းဖြစ်ပွားတဲ့နေရာကိုတော့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေး တာဝန်ရှိသူတွေ ဝင်ရောက်စစ်ဆေးနေတယ်လို့လည်းသိရပါတယ်။

မန္တလေးမြို့မှာ ယခုရက်ပိုင်းတွေအတွင်း လုယက်မှု၊ ဓားထိုးမှု တွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေခဲ့ပြီး မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ကလည်း လှည့်ကင်းတွေဆောင်ရွက်တာ၊ မြို့ဝင်မြို့ထွက် ဂိတ်တွေမှာ အထူးပိတ်ဆို့ရှာဖွေစစ်ဆေးတာတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က