တစ်ယောက်သေပြီး နှစ်ယောက် ဒဏ်ရာ ပြင်းထန်ရရှိခဲ့ပါတယ်။

တာမွေမြို့နယ်မှာ စက်တင်ဘာ ၁၁ ရက် ည ၁၀ နာရီကျော် အချိန်လောက်က မိသားစု နှစ်စု စကားများရာကနေ ရန်ဖြစ်ပြီး ဓားခုတ်ခဲ့မှုကြောင့် လူတစ်ယောက်သေဆုံးပြီး နှစ်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ကနေ Duwun က စက်တင်ဘာ ၁၂ ရက်နေ့မှာစုံစမ်းသိရှိရပါတယ်။



Photo - Han Win Aung



ဖြစ်စဉ်ကတော့ တာမွေမြို့နယ် ကျိုက္ကဆံလမ်း၊ မလွှကုန်းဌေးကြွယ်၊ က ရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ယောက်ဟာ ခင်ပွန်းဖြစ်သူဇော်ဟိန်းသူ နဲ့ အတူ ဂိမ်းသွားဆော့ရင်း ဆိုင်ထဲမှာ ကလေးချင်းစကားများရာကနေ မိန်းမချင်း ရန်ဖြစ်လာခဲ့ပါတယ်။



အဲဒီနောက် ည ၁၀ နာရီ ၁၅ မိနစ်အချိန်လောက်မှာ အမျိုးသားတစ်ယောက်က ဦးကြည်ဝင်းကို ဖုန်းဆက်ပြီး

“မင်းတို့ စောက်ချိုးမပြေဘူး။ မင်းတို့ကို လာခုတ်ပြီ” လို့ ပြောခဲ့ကြောင်း၊ ၁၅ မိနစ်အကြာမှာ ဦးမြရွှေဆိုသူကလည်း ဖုန်းဆက်ပြီး အေးအေးဆေးဆေးနေရန်၊ ဝင်းထွဋ်ဝင်းတို့နဲ့ ညှိနှိုင်းပေးမည်ဖြစ်ကြောင်း၊ ရဲမခေါ်ထားဖို့ပြောခဲ့တာကြောင့် မိသားစုအကုန် တိုက်အောက်ကိုဆင်းပြီး ဦးမြရွှေတို့ကို စောင့်ဆိုင်းနေခဲ့တယ်လို့ သိရပါတယ်။



စောင့်ဆိုင်းနေစဉ် မျက်နှာချင်းဆိုင် လမ်းက ရွှေကံ့ကော် လက်ဖက်ရည်ဆိုင် မျက်စောင်းထိုးမှာ ကား ၃ စီး ပေါ်က လူတွေ လှံ၊ ဓါးတွေကိုင်ဆောင်ကာပြေးဝင်လာပြီး ဓားနဲ့ အတင်းထိုးခုတ်မှုကြောင့် ဇော်ဟိန်းသူမှာ ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်လို့သိရပါတယ်။



ဓားခုတ်ခံရမှုကြောင့် ဦးကြည်ဝင်းနဲ့ ဆိုင်အလုပ်သမားဖြစ်သူ ဇော်လင်ဦးတို့လည်း ဒဏ်ရာတွေရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ထားရပါတယ်။



ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒေါ်ခင်ခင်ဌေးက တရားလိုပြုလုပ်ပြီး သေဆုံး၊ ဒဏ်ရာရရအောင် ပြုလုပ်ခဲ့တဲ့ ဝင်းထွဋ်ဝင်းနဲ့ လူတစ်စုကို စုံစမ်းဖော်ထုတ်အရေးယူပေးဖို့ တိုင်ကြားထားပါတယ်။

Share

Loading Next Article...
က္က