တစ်ယောက်သေပြီး နှစ်ယောက် ပြင်းထန်းဒဏ်ရာတွေရခဲ့ပါတယ်။

စက်တင်ဘာ ၁၁ ရက်နေ့ ညပိုင်းက တာမွေမှာဖြစ်ပွားခဲ့တဲ့ အုပ်စု နှစ်စု ဓါးခုတ်မှုမှ ပြစ်မှုကျူးလွန်တဲ့သူ ၈ ယောက်ကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ စက်တင်ဘာ ၁၂ ရက်နေ့ နေ့လည်မှာသတင်းထုတ်ပြန်ပါတယ်။

 

Photo - Yangon Police

 

ဖြစ်စဉ်ကတော့ တာမွေမြို့နယ် ကျိုက္ကဆံလမ်း၊ မလွှကုန်းဌေးကြွယ်၊ က ရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ယောက်ဟာ ခင်ပွန်းဖြစ်သူဇော်ဟိန်းသူ နဲ့ အတူ ဂိမ်းသွားဆော့ရင်း ဆိုင်ထဲမှာ ကလေးချင်းစကားများရာကနေ မိန်းမချင်း ရန်ဖြစ်လာခဲ့ပါတယ်။



အဲဒီနောက် ည ၁၀ နာရီ ၁၅ မိနစ်အချိန်လောက်မှာ အမျိုးသားတစ်ယောက်က ဦးကြည်ဝင်းကို ဖုန်းဆက်ပြီး

“မင်းတို့ စောက်ချိုးမပြေဘူး။ မင်းတို့ကို လာခုတ်ပြီ” လို့ ပြောခဲ့ကြောင်း၊ ၁၅ မိနစ်အကြာမှာ ဦးမြရွှေဆိုသူကလည်း ဖုန်းဆက်ပြီး အေးအေးဆေးဆေးနေရန်၊ ဝင်းထွဋ်ဝင်းတို့နဲ့ ညှိနှိုင်းပေးမည်ဖြစ်ကြောင်း၊ ရဲမခေါ်ထားဖို့ပြောခဲ့တာကြောင့် မိသားစုအကုန် တိုက်အောက်ကိုဆင်းပြီး ဦးမြရွှေတို့ကို စောင့်ဆိုင်းနေခဲ့တယ်လို့ သိရပါတယ်။



စောင့်ဆိုင်းနေစဉ် မျက်နှာချင်းဆိုင် လမ်းက ရွှေကံ့ကော် လက်ဖက်ရည်ဆိုင် မျက်စောင်းထိုးမှာ ကား ၃ စီး ပေါ်က လူတွေ လှံ၊ ဓါးတွေကိုင်ဆောင်ကာပြေးဝင်လာပြီး ဓားနဲ့ အတင်းထိုးခုတ်မှုကြောင့် ဇော်ဟိန်းသူမှာ ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်လို့သိရပါတယ်။



ဓားခုတ်ခံရမှုကြောင့် ဦးကြည်ဝင်းနဲ့ ဆိုင်အလုပ်သမားဖြစ်သူ ဇော်လင်ဦးတို့လည်း ဒဏ်ရာတွေရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ထားရပါတယ်။

Photo - Yangon Police

ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေးအတွက် ရန်ကုန်တိုင်းဒေသကြီး

ရဲတပ်ဖွဲ့မှူး၏ ညွှန်ကြားချက်နဲ့ သွားရောက်စစ်ဆေးရာ အခင်းဖြစ်နေရာရှိ ပြစ်မှုကျူးလွန် သူများကျန်ရှိခဲ့သော DD/-------- Toyota Succeed အပြာရောင်အငှားယာဉ်ပေါ်မှ ဓားရှည်(၉)ချောင်း၊ ဓားတို(၂)ချောင်း၊ လှံ (၂)ချောင်း၊ ပေါက်စိန် (၁)လက်၊ သံလက်သီးကွင်း(၁)ခုနှင့် တာမွေယာယီဈေးရှေ့ အမှိုက်ပုံအနီးမှ ဓားရှည် ၂ ချောင်း၊ 

တာမွေယာယီဈေးနောက် လူဝင်ပေါက်အနီးမှ ဓားရှည်(၂) ချောင်းတို့အား အသီးသီးတွေ့ရှိ သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။

အဲ့ဒီနောက် ည ၁၁ နာရီခွဲလောက်အချိန်က နာရီအချိန်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ 

(၂၆)ရပ်ကွက်၊ ပြည်ထောင်စုလမ်း မပေါ်တွင် AA/-------- Toyota Caldina အငှားယာဉ်ပေါ်မှ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၂၂)ရပ်ကွက်နေ ဖြူတုတ်(ခ)သိန်းထွေး၊ (၄၀)နှစ်အား ရန်ဖြစ်စဉ်တွင် 

ရရှိသော ဝဲလက်ဖဝါး ပြတ်ရှဒဏ်ရာဖြင့်လည်းကောင်း၊ သာကေတမြို့နယ်၊ (၈)ရပ်ကွက်နေ သံဗုဒ္ဓေ(ခ)ဝင်းနိုင်၊ (၄၁)နှစ်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ (၂၂)ရပ်ကွက်နေ သီဟအောင်၊(၃၅)နှစ်၊ 

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၉၄)ရပ်ကွက်နေ ယဉ်မိုး(ခ)မိုးကြီး၊ (၄၁)နှစ်တို့အား ဖမ်းဆီးရမိခဲ့ပါတယ်။

 

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၇၇)ရပ်ကွက်နေ ဝင်းမြင့်၊ (၄၂)နှစ်မှာ 7J/-------- Toyota Alphard

အဖြူရောင်ယာဉ်နှင့် ထွက်ပြေးသောကြောင့် ရဲတပ်ဖွဲ့ဝင်များမှ လိုက်လံဖမ်းဆီးရာ ည ၁၁ နာရီ ခွဲလောက် နာရီအချိန်က သာကေတမြို့နယ်၊ (၉)ရပ်ကွက်၊ နဝရတ်လမ်းပေါ်တွင် ကားရပ်၍ ကားပေါ်မှ ဆင်းလာပြီး ပြန်လည်ခုခံ

သဖြင့် ပန့်အက်ရှင်သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ ၎င်း၏ ကျောကုန်းနှင့် လက်မောင်းနှစ်ဖက်တွင် ဒဏ်ရာများရရှိပြီး ဖမ်းဆီးရမိတယ်လို့ သတင်းထုတ်ပြန်ပါတယ်။

Photo - Yangon Police

အဲ့ဒီနောက် စက်တင်ဘာ ၁၂ ရက်နေ့ မနက် ၁ နာရီလောက်ကသာကေတမြို့နယ်၊ ၁၀/မြောက်ရပ်ကွက်နေ သိန်းထိုက်အောင်(ခ)အန်းကုန်း၊ (၂၉)နှစ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၁၆၈)ရပ်ကွက်နေ မင်းအောင်၊ (၄၂) နှစ်တို့အား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၅၆)ရပ်ကွက်၊ မင်္ဂလာလမ်းပေါ်မှာ ဖမ်းမိခဲ့ပါတယ်။

မနက် ၂ နာရီခွဲလောက်မှာတော့ သာကေတမြို့နယ်၊ (၈)ရပ်ကွက်နေ ဝင်းထွဋ်ဝင်း၊(၄၂)နှစ်ကို ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ (၆၇)ရပ်ကွက်၊ ရထားသံလမ်းအနီး၊ ဗေလုဝကွေ့မှာ ဖမ်းဆီးရမိခဲ့ပါတယ်။

ဖမ်းဆီးရမိသူများဖြစ်သည့် ဝင်းထွဋ်ဝင်းပါ (၈)ဦးကို ပြစ်မှုကျူးလွန်ရာ

မှာအသုံးပြုသည့် သက်သေခံ ပစ္စည်းများနှင့် ပြန်လည်သိမ်းဆည်းနိုင်ခဲ့

ပြီး ၎င်းတို့အား ဥပဒေနှင့်အညီ ဆက်လက်အရေးယူသွားမည်ဖြစ်

ကြောင်း သတင်းရရှိပါတယ်။

 

Share

Loading Next Article...
က္က