တာမွေမြို့နယ်တရားရုံးက တရားစွဲဆိုလိုက်တာပါ။

မူးယစ်ဆေးပြား ၂၆ ပြား လက်ဝယ်တွေ့ရှိတယ်ဆိုပြီး ဖမ်းဆီးခံထားရတဲ့ ဒါရိုက်တာမိုက်တီးကို ဒီနေ့စက်တင်ဘာ ၁၄ ရက်နေ့မှာ တာမွေမြို့နယ်တရားရုံးမှာ စတင် တရားစွဲဆိုလိုက်ပြီလို့ သိရပါတယ်။


မူးယစ်ဆေးဝါးနဲ့စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာလက်ဝယ်တွေ့ရှိမှု ဥပဒေပုဒ်မ ၁၆/ ( ဂ ) နဲ့ တရားစွဲတင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

 

 

ဒီနေ့ စက်တင်ဘာ ၁၄ ရက်မှာ ဒါရိုက်တာမိုက်တီးကို တာမွေမြို့နယ်တရားရုံးမှာ ရုံးထုတ်ပြီးနောက် တရားစွဲဆိုခဲ့ပြီး စက်တင်ဘာ ၂၅ ရက်နေ့ကို နောက်ထပ်ရုံးချိန်း ချိန်းဆိုထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ ရက်ညက ဒါရိုက်တာမိုက်တီး မောင်းနှင်လာတဲ့ ကားကို ရဲတပ်ဖွဲ့က စစ်ဆေးစဉ် မူးယစ်စိတ်ကြွဆေးပြား ၂၆ ပြား နဲ့အတူတွေ့ရှိခဲ့တာကြောင့် ဖမ်းဆီးခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

 

 

ဒါကြောင့် သန်းထွန်းဇော် (ခ) ဒါရိုက်တာ မိုက်တီးကို တာမွေမြို့မရဲစခန်းမှာ မယ (ပ) ၂၉/၂၀၁၈၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မလ ၁၆ (ဂ) နဲ့ အမှုဖွင့်အရေးယူထားတာဖြစ်ပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က